နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမ်မရာဘတ်ကို ဖီအိုရင်တီးနား အသင်းသို့ ပြန်လည်စေလွှတ်ရန် မန်ယူ အသင်း ဆုံးဖြတ်

ဧပြီ ၈

မန်ယူအသင်းသည်ဖီအို ရင်တီးနားအသင်းမှ တစ်ရာသီ အငှားစာချုပ်ဖြင့် ခေါ်ယူထား သည့် ကွင်းလယ်ကစားသမား အမ်မရာဘတ်ကို ဘောလုံး ရာသီအကုန်တွင် စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မန်ယူအသင်းအနေဖြင့် အမ်မရာဘတ်ကို ပြောင်းရွှေ့ ကြေး ယူရို ၂၅ သန်းဖြင့်အပြီး သတ်ဝယ်ယူခွင့်ပါသည့်သဘော တူစာချုပ် ချုပ်ဆိုကာအငှားခေါ် ယူခဲ့သော်လည်း ကစားသမား အနေဖြင့် နည်းပြတန်ဟက်၏ ကစားကွက်နှင့်အံဝင်မှုမရှိဘဲ ခြေစွမ်း ပြသနိုင်ရန် ရုန်းကန်ခဲ့ရ သောကြောင့် အပြီးသတ်ဝယ် ယူမည်မဟုတ်ဘဲ နွေရာသီတွင် ဖီအိုရင်တီးနားအသင်းသို့ပြန်လည် စေလွှတ်ရန် စီစဉ်ခဲ့ကြောင်းသိရ သည်။

အမ်မရာဘတ်သည်မန်ယူ အသင်းတွင် ပြိုင်ပွဲစုံ၂၃ ပွဲ ပါဝင် ခဲ့ရာ ၁၄ ပွဲသာပွဲထွက်ခွင့်ရခဲ့ပြီး ကျန်ပွဲစဉ်များတွင် လူစားဝင် ကစားသမားအဖြစ်သာ ကစား ခဲ့ရကာ ပါဝင်ခွင့်ရသည့် ပွဲစဉ် များတွင်လည်း ပုံစံကောင်း ပျောက်ဆုံးခဲ့သဖြင့် မန်ယူအသင်း ကွင်းလယ်ပိုင်းတွင် တွန်မီနေး၊ ကက်စ်မဲရိုး၊ ကိုဘီမိုင်နူး၊ အဲရစ် ဆင်တို့၏ နောက်တွင်သာ ပါဝင်ခဲ့ရသောကြောင့် မန်ယူ အသင်း တာဝန်ရှိသူများက အမ်မရာဘတ်ကို လက်လွှတ် ရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။







သူရိန်






အခြားဆက်စပ်သတင်းများ