နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချဲလ်ဆီးအသင်းက ကိုးလ်ပယ်မာကို လုပ်ခလစာ တိုးမြှင့်၍ သက်တမ်းတိုးရန် ကြိုးပမ်း

ဧပြီ ၈

ချဲလ်ဆီးအသင်းသည် ကွင်းလယ်ပိုင်းတွင်ခြေစွမ်း ပြသလျက်ရှိသည့် ကိုးလ်ပယ် မာကို လုပ်ခလစာ တိုးမြှင့်၍ စာချုပ်သက်တမ်းတိုးရန် ကြိုး ပမ်းလျက်ရှိကြောင်း သိရသည်။

ကိုးလ်ပယ်မာသည်ယခု နှစ် ဘောလုံးရာသီတွင်မန်စီး တီးအသင်းမှ ချဲလ်ဆီး အသင်း သို့ ရောက်ရှိခဲ့ပြီးတစ်ပတ်လုပ်ခ စတာလင်ပေါင် ၈၀,၀၀၀ သာ ရရှိနေသော်လည်းအသင်းနှင့် ပြိုင်ပွဲစုံ ၃၇ ပွဲ ပါဝင်ကစား ခဲ့ရာတွင် ခြေစွမ်းပြသနိုင်ခဲ့ကာ သွင်းဂိုး၁၉ဂိုးနှင့် ဂိုးဖန်တီး မှု ၁၂ ကြိမ်ထိပြုလုပ်နိုင်ခဲ့ သောကြောင့် ချဲလ်ဆီးအသင်း တာဝန်ရှိ သူများက ကစားသမား ကို ချီးမြှောက်လိုသည့်အတွက် လုပ်ခလစာတိုးမြှင့်၍ သက်တမ်း တိုးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ချဲလ်ဆီးအသင်းသည် အသက် ၂၁ နှစ်အရွယ်ရှိ ကစား သမားနှင့် ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းရှိနေသော်  လည်း ကစားသမား၏ ခြေစွမ်း  ပိုင်းကို နှစ်သက်သည့်အတွက် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှ စတင်၍ မြင့်မားသည့် လုပ်ခ လစာပေးသွားမည်ဖြစ်ပြီးလက် ရှိ အချိန်တွင် အတိအကျ ထုတ် ပြန်ခြင်းမရှိသေးဘဲ ကစားသမား နှင့် ကနဦးဆွေးနွေးမှုများ ပြု လုပ်နေကြောင်း သိရသည်။







သူရိန်






အခြားဆက်စပ်သတင်းများ