နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဇွန်တောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဆပ်သွားဖူးလမ်း ရှိအမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၈)ရပ်ကွက်၊ ဝတ်ကျောင်းလမ်းရှိအမှတ် (၅) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၉)ရပ်ကွက်၊ ရေကျော်လမ်းရှိ အမှတ်(၉)အခြေခံပညာမူလတန်းကျောင်းနှင့်အမှတ် (၁၀) ရပ်ကွက်၊ အနော်ရထာလမ်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းများသန့်ရှင်းသာယာလှပစေရေး

ဧပြီ ၅ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံးနှင့်ဌာနများက တွဲဖက်ဝန်ထမ်းများပူးပေါင်းအင်အား ၆၀ ဦးဖြင့် သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိ ပုံသွင်းအလင်းဖွင့်ခြင်း၊ စွန့်ပစ်အမှိုက်များသိမ်းဆည်း ခြင်း၊သစ်ရွက်ခြောက်ကြွေများ၊ သဲခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေမြောင်းအတွင်းရှိ အမှိုက် နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်း သစ်ခက်နှင့်မြောင်းချေးများကို ယာဉ်လေးစီးဖြင့်သိမ်းဆည်း သယ်ယူစွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ရေစည်ရေကန်များအားအဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း၊ ကျန်းမာရေးပညာပေး လက်ကမ်းစာစောင်များပေးဝေခြင်းတို့ကို ဆောင်ရွက်ကြစဉ်။







ယဉ်မွန်






အခြားဆက်စပ်သတင်းများ