နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှစ် ၁၀၀၀ သက်တမ်းရှိ မြင်းခြေရိုးရေခဲပြင်စကိတ်ပြားတူးဖော်တွေ့ရှိ

ပရက်ဂ်၊ ဧပြီ ၈

မြင်းခြေရိုးနှင့် ပြုလုပ်ထားသည့် နှစ် ၁၀၀၀ သက်တမ်းရှိ ရေခဲပြင် စကိတ်ပြားကို ချက်သမ္မတနိုင်ငံတွင် ဧပြီလအစောပိုင်းက တူးဖော်တွေ့ရှိ ထားကြောင်း သိရသည်။

ပရက်ဂ်မြို့ရှိ ရှေးဟောင်းပရီရော့ဗ် ရဲတိုက်၏ မြေအောက်ခန်းကို တူးဖော် ရှာဖွေရာကတစ်ဆင့် အဆိုပါမြင်းခြေရိုး ရေခဲပြင်စကိတ်ပြားကို တွေ့ရှိခြင်းဖြစ် ပြီး မြင်းခြေရိုးကို အောက်ခံပြားအဖြစ် အသုံးပြုကာ သားရေကြိုးများနှင့်ရစ် သိုင်းထားသည့် စကိတ်ဖြစ်ကြောင်း သိရသည်။

ပရီရော့ဗ်ရဲတိုက်သည် သမိုင်း အလယ်ခေတ်က ဘက်ဗာမြစ်၏ဘယ် ဘက်ကမ်းပါးပေါ်တွင် တည်ရှိပြီးဆောင်း ရာသီကာလများတွင် ရေခဲနေသည့် မြစ်ပြင်ကျယ်ကို ဖြတ်သန်းရန် ဒေသခံ များက တိရစ္ဆာန်အရိုးများကိုသုံးပြီး ရေခဲပြင်စကိတ်များ ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။

ထိုခေတ်ကာလက ဒေသခံများ သည် ကျွဲ၊ နွား၊ မြင်းများ၏ ခြေထောက် ရိုးများကိုသုံးပြီး စကိတ်များဖန်တီး လေ့ရှိကာ ယနေ့ခေတ် စကိတ်စီးသည့် ပုံစံမျိုးမဟုတ်ဘဲ သစ်သားတုတ်များ ကိုသုံး၍ တဖြည်းဖြည်းသွားလာခြင်း ဖြစ်ကြောင်း ကွန်မီနီယက်စ်ပြတိုက်မှ ရှေးဟောင်းပညာရှင် ဇီနက်ရှန့်ခ်ကပြော သည်။                         






(ref: Daily Mail)






အခြားဆက်စပ်သတင်းများ