နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုသလူနာများအဆင်ပြေရေး ကြိုတင်ပြင်ဆင်

ကျန်းမာရေးဝန်ကြီးဌာနသည် ကျန်းမာရေးအသုံးစရိတ်များကို နိုင်ငံတော်မှနှစ်စဉ် တိုးတက်ရရှိခဲ့ရာ ရန်ပုံငွေများကို ပြည်သူများ ရရှိခံစားနိုင်ရေး အကျိုးရှိစွာအသုံးပြုနိုင်ကြရန် လူနာများစိုက်ထုတ် ကုန်ကျငွေသက်သာစေရေးအတွက် အဓိကဆေးဝါးများ ထောက်ပံ့ ပေးလျက်ရှိသည်။

 ပြည်သူ့ဆေးရုံများတွင် ဓာတ်ခွဲစစ်ဆေးမှုများကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိရာ ဝန်ကြီးဌာနအနေဖြင့် ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရန်နှင့်လိုအပ်သည့် စက်ပစ္စည်းနှင့်ဓာတ်ဆေးပစ္စည်း များကို ဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးပညာ ဘာသာရပ်နယ်ပယ်အသီးသီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေ ရန် ဆောင်ရွက်လျက်ရှိသည်။

 ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသသော လူနာများ ၏ စိုက်ထုတ်ကုန်ကျငွေကျဆင်းစေရန်အတွက် ဆောင်ရွက်ပေးမှု များနှင့် ပြည်သူလူထုကျန်းမာရေးအတွက် စိုက်ထုတ်သုံးစွဲငွေ လျော့နည်းကျဆင်းရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပိတ်ရက်မရှိ ၂၄ နာရီဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။ ယခင်နှစ်များနည်းတူ သင်္ကြန်ကာလအတွင်း ရောက်ရှိလာမည့်  လူနာများ အရေးပေါ်အခြေအနေတစ်စုံတစ်ရာဖြစ်ပေါ်လာပါက     လူအင်အား  ဆေးနှင့်ဆေးပစ္စည်းစုံလင်စွာဖြင့်   အပြည့်အဝဆောင် ရွက်မှုပေးနိုင်ရန်နှင့် အဘက်ဘက်မှလစ်ဟင်းမှုမရှိစေရေး စနစ် တကျ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။

 အဆိုပါသင်္ကြန်ရက်များအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာမည့် လူနာများအား ကုသမှုလစ်ဟင်းမှုမရှိစေရန် သတ်မှတ်ဇုန်များထားရှိပြီး ချက်ချင်းအသက်အန္တရာယ်ရှိသည့် လူနာများအား အနီရောင်ဇုန်၊  အခြေအနေစောင့်ကြည့်ပြီး ဆက်လက်ကုသရန်လိုအပ်သည့် လူနာများအား အဝါရောင်ဇုန်နှင့် ထိခိုက်ဒဏ်ရာရရှိမှုနည်းပါးသည့်လူနာများအား အစိမ်းရောင်ဇုန် စသည့်ဖြင့် ဇုန်များခွဲခြားသတ်မှတ်ကုသပေးသွားမည်ဖြစ်သည်။

 ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်  နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်၊ သတိလစ်ခွဲစိတ်ရန်လိုအပ်သည့် အရေးပေါ်လူနာများ ကိုလည်း ပုံမှန်ကုသပေးလျက်ရှိရာ သင်္ကြန်ကာလတွင် နေရာလိုအပ် မှုများရှိလာနိုင်သည့်အတွက် ဆေးရုံအုပ်ချုပ်မှုတာဝန်ရှိသူများနှင့် ပူးပေါင်းကာ နေရာစီစဉ်ထားရှိသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လာရောက်ကုသမည့်လူနာများ အတွက်  အဆင်ပြေစွာကုသနိုင်ရေး ကြိုတင်ပြင်ဆင်မှုများက အထောက်အပံ့ဖြစ်စေကြောင်း။      






အခြားဆက်စပ်သတင်းများ