နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အတွေ့အကြုံကောင်းများ ရှာဖွေ၊ ကျွမ်းကျင်မှု ပေါင်းစပ်

မြန်မာနိုင်ငံသည် သဘာဝသယံဇာတပေါများသည့် နိုင်ငံဖြစ် သည်။ နိုင်ငံစီးပွားတိုးတက်ရေးအတွက် သဘာဝသယံဇာတ ထက်ပို၍ အရေးကြီးသည်မှာ လူသားစွမ်းရည်ဖြစ်သည်။ နိုင်ငံ တစ်နိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းသည်  လူတစ်ဦးချင်း၊ မိသားစုတစ်စုချင်း၊ လူမှုစီးပွားဘဝ တိုးတက်လာရုံ သာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်လည်း များစွာအထောက်အကူပြု လျက်ရှိသည်။

နိုင်ငံတော်တွင် အဓိကလိုအပ်ချက်မှာ လူသားအရင်းအမြစ် အတတ်ပညာ၊ ဓနအင်အား၊ သဘာဝသယံဇာတတို့ဖြစ်သည်။ မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာများ ကို လေ့လာသင်ယူလိုက်နာပြီး ကြိုးစားအားထုတ်ကာ အလုပ် လုပ်ကြရမည် ဖြစ်သည်။

လူမှုဘဝနယ်ပယ်တွင် အခြေခံခိုင်မာအောင် တည်ဆောက်ပြီး တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းကြရသည်။ လူတိုင်းရည်မှန်းချက် ပန်းတိုင်များရှိသော်လည်း ကြိုးစားအားထုတ်မှု၊ ထိန်းသိမ်းမှု၊ ကျန်းမာရေးကောင်းမွန်မှုတို့ လိုအပ်သည်။ ခိုင်မာမှုမရှိပါက မလိုလားအပ်သည့် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နိုင်သည်။ အရာရာအခြေခံကောင်းအောင် လုပ်ကိုင်ခြင်းဖြင့် အောင်မြင် တိုးတက်မှုများရရှိစေသည်။

အောင်မြင်သောလုပ်ငန်းဖော်ဆောင်မှုကို လေ့လာပါက အတတ်ပညာ၊ အသိပညာ၊ ကျွမ်းကျင်မှုတို့ဖြင့် အကောင်းဆုံး စွမ်းဆောင်ကြရ၏။ မိမိလုပ်ကိုင်နေသောအလုပ်ကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ရန် အမြဲတစေ ကြိုးစားအားထုတ်သင့်၏။ အနစ်နာခံ ခြင်း၊ စိတ်ရှည်သည်းခံခြင်းတို့ကို အစဉ်မွေးမြူမည်ဆိုလျှင် ဘဝ တစ်လျှောက်လုံး တိုးတက်ကြီးပွားနိုင်သော အကြောင်းတစ်ခုပင် ဖြစ်၏။

မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝန်းတွင်ရှိသော လူသန်း ပေါင်း များစွာတို့၏ ကျန်းမာစွာ ရှင်သန်နေထိုင်ရေးအတွက် အခွင့်အရေးသည် တစ်စတစ်စ ကြီးထွားလာနေသည့် ခြိမ်းခြောက်မှု များနှင့် ရင်ဆိုင်နေရသည်။ အသက်ရှင်သန်မှုနှင့် ကြံ့ခိုင်သန်စွမ်းမှု တို့ကို ခြိမ်းခြောက်နေသည့် အခြေခံအကြောင်းတရားများကို ရှင်းလင်းဖယ်ရှားနိုင်မှသာ လူတိုင်းကျန်းမာမည် ဖြစ်သည်။

အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသား စွမ်းရည်ပြည်ဝသည့် လူမျိုးဖြစ်ရန် အားသွန်ခွန်စိုက် ကြိုးစား အားထုတ်စေချင်ကြောင်း။     






အခြားဆက်စပ်သတင်းများ