နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်

ရန်ကုန်  ဧပြီ  ၆

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/ မြို့နယ်များ တွင် ဗဟိုမဏ္ဍပ် ၄၃ ခု၊ ရေကစား မဏ္ဍပ် ၁၇၆ ခု၊ လမ်းလျှောက် သင်္ကြန်နှစ်ခုတို့ဖြင့်မြန်မာ့ ရိုးရာ သင်္ကြန်ပွဲတော်ကို ကျင်းပ သွားမည်ဖြစ်ကြောင်း သိရ သည်။

မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်ကိုပြည်သူ့ရင်ပြင်တွင် အများပြည်သူ ပျော်ရွှင်လွတ်လပ် စွာဖြင့် ပါဝင်ရေကစားနိုင်ရေး တိုင်းဒေသကြီးဌာနဆိုင်ရာ ရေကစားမဏ္ဍပ် ၁၀ ခု၊ လမ်းလျှောက်သင်္ကြန် တစ်ခု၊ ဖျော်ဖြေရေးမဏ္ဍပ် တစ်ခုနှင့် မြို့တော်ခန်းမတွင် ရန်ကုန် မြို့တော် မဟာသင်္ကြန်မဏ္ဍပ် နှင့် လမ်းလျှောက်သင်္ကြန်တို့ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဖျော်ဖြေရေးအစီ အစဉ်များ၊ စတုဒိသာကျွေးမွေး မည့်အစီအစဉ်များပါဝင် ကာ မြို့တော်ခန်းမရှေ့ မဟာသင်္ကြန်မဏ္ဍပ်တွင် ဌာန ဆိုင်ရာ ကိုယ်စားပြုယိမ်းအဖွဲ့ များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် အဖွဲ့များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကအဖွဲ့များ၏ ဖျော်ဖြေမှုများဖြင့် နေ့စဉ် အလှည့်ကျ ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကြောင်း သိရ သည်။







အောင်မြင့် (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ