နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ် အကဲဖြတ်ဆပ်ကော်မတီနှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ အကဲဖြတ်ပညာရှင်များ၊ ယိမ်းအသင်းအုပ်ချုပ်သူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန် ဧပြီ  ၆

၁၃၈၅ ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ် အကဲဖြတ် လုပ်ငန်းကော်မတီနှင့် သက်ဆိုင် ရာလုပ်ငန်း ကော်မတီများ၊  အကဲဖြတ်ပညာရှင်များ၊ ယိမ်း အသင်းအုပ်ချုပ်သူများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဗိုလ်တထောင်မြို့နယ်၊ ကုန်သည် လမ်းရှိရန်ကုန်မြို့တော်  စည်ပင်သာယာရေးကော်မတီ ၁၂ ထပ်ခွဲရုံး၊  အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစီအစဉ်အရ အကဲဖြတ် ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အင်ဂျင် နီယာဌာန (ရေစီးရေလာစီမံ ခန့်ခွဲမှု) ဌာနမှူး(ဒုတိယညွှန်ကြား ရေးမှူးချုပ်) ဦးအေးကျော်အောင် က “ယှဉ်ပြိုင်မည့် ယိမ်းအဖွဲ့များ မိမိတို့၏ ပြိုင်ပွဲဝင်သီချင်းများ ကိုကြိုတင်ပြင်ဆင်လာရန် လိုအပ်ပါကြောင်း၊ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရန် အစည်းအဝေးသို့ တက်ရောက် လာသည့် တာဝန်ရှိသူများ  အားလုံး ပူးပေါင်း ဆောင်ရွက် ကြရန် ပြောကြားလိုပါကြောင်း၊  ပြိုင်ပွဲဝင်မည့် ယိမ်းအဖွဲ့များ အနေဖြင့်လည်း ပြိုင်ပွဲစည်းကမ်း များနှင့်အညီ ယှဉ်ပြိုင်ကြရန် လိုအပ်ပါကြောင်း၊ယိမ်းအဖွဲ့ များအားဆုများပေးအပ်ချီး မြင့်ရာတွင်လည်း အကဲဖြတ် ပညာရှင်များက အသေးစိတ် စိစစ် အကဲဖြတ်အမှတ်ပေးသွား မည်ဖြစ်ပါကြောင်း” ပြောကြား သည်။

ဆက်လက်၍ အကဲဖြတ် ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဌာနမှူးဦးကျော်မိုး၊ အကဲဖြတ်ဆပ်ကော်မတီ အတွင်းရေးမှူး၊ လက်ထောက် ဌာနမှူးဦးအောင်မြင်ခန့် တို့က ဆပ်ကော်မတီလုပ်ငန်း ကိစ္စများကိုအသေးစိတ် တင်ပြဆွေးနွေးကြသည်။

ထို့နောက်အကဲဖြတ် ပညာရှင်များကိုယ်စား အကဲဖြတ် ပညာရှင်ဒေါ်အေးအေးမော် က "ပြိုင်ပွဲဝင်မည့် ယိမ်းအဖွဲ့ များအားအကဲဖြတ်အမှတ် ပေးရာတွင် ရှုထောင့်ပေါင်းစုံမှ  ကြည့်ပြီး အကဲဖြတ်အမှတ်  ပေးခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲ ဝင်မည့်ယိမ်းအဖွဲ့များအနေဖြင့် သင်္ကြန်ပွဲတော်နှင့် ကိုက်ညီမည့် ကကွက်များဖြင့်ယှဉ်ပြိုင်စေ လိုပါကြောင်း၊ယှဉ်ပြိုင်နေစဉ် အမှားအယွင်း ကင်းရှင်းစွာဖြင့် ယှဉ်ပြိုင်ရန်လိုအပ်ပြီး အမှား အယွင်းကင်းရှင်းမှသာ အမှတ် များများ ရရှိမည်ဖြစ်ပါကြောင်း၊ သင်္ကြန်ယိမ်းပြိုင်ပွဲသည် ရိုးရာ ယဉ်ကျေးမှုကို ဖော်ထုတ်သည့်  ပွဲဖြစ်သဖြင့် အားလုံးပူးပေါင်း ဆောင်ရွက် စေလိုပါကြောင်း" ပြောကြားသည်။

ယင်းနောက် အခမ်းအနား ပြင်ဆင်ရေးနှင့်ဖွင့်ပွဲပိတ်ပွဲ ကျင်းပရေး လုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့်ဖျော်ဖြေ တင်ဆက်ရေးလုပ်ငန်း ကော်မတီ၊သယ်ယူပို့ဆောင် ရေးလုပ်ငန်းကော်မတီ၊ လုံခြုံ ရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာ ရေးဆုချီးမြှင့်ရေးနှင့် ဆုရသူများ  စုစည်းရေးလုပ်ငန်းကော်မတီ နှင့်ယိမ်းအသင်းအုပ်ချုပ်သူ များ၏ ဆွေးနွေးတင်ပြမှုများနှင့်  တင်ပြချက်များနှင့်ပတ်သက်၍ အကဲဖြတ်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။







သတင်း-ရဲနန္ဒာလင်းမြင့်

ဓာတ်ပုံ-မိုးမြင့်‌မောင်






အခြားဆက်စပ်သတင်းများ