နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒုတိယမြို့တော်ဝန် ဦးညီညီ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ဧပြီ  ၆

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ ဒုတိယ ဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများ နှင့်တာဝန်ရှိသူများ လိုက်ပါ လျက် ယနေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ပေါက်တော ရပ်ကွက်၊ အမှတ် (၄) အခြေခံ ပညာ အထက်တန်းကျောင်း သန့်ရှင်းသာယာလှပရေး ဆောင် ရွက်နေမှု၊ ကမ်းနားအနောက် ရပ်ကွက်၊ ဓနသိဒ္ဓိလမ်း၊ အောင် ဇေယျတံတားအောက် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) အောင်ဇေယျ ရေဆိုးသန့်စင်စက်ရုံ စီမံကိန်း ဝင်းအတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ မြို့ပြပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာန၊ အင်းစိန်ခရိုင်နှင့် မရမ်းကုန်းခရိုင် ရုံးဝင်းအတွင်း ဥစားကြက် မွေးမြူထားရှိမှု၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အမှတ် (၁) အခြေခံပညာအထက် တန်းကျောင်းနှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ (၁၇) ရပ်ကွက်၊ ဗိုလ်အောင်ကျော် လမ်းရှိ အမှတ် (၃) အခြေခံ ပညာ အထက်တန်းကျောင်းများ သန့်ရှင်းသာယာ လှပရေး ဆောင်ရွက်နေမှု၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်- ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင် တုန်းလမ်းထောင့်ရှိ တိုးချဲ့ ဘုရင့်နောင်ပန်းခြံနှင့် ပန်းခြံရှေ့ ယာဉ်ရပ်နားရန်နေရာနှင့် အုတ် ရေမြောင်း တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ညောင်ကျေးရွာ၊ ပိတောက်လမ်း ရှိ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်း သန့်ရှင်း သာယာလှပရေး ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ရှေးဦးစွာ ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၇ နာရီတွင် အင်းစိန်မြို့နယ်၊ ပေါက်တော ရပ်ကွက်၊ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၁၆၀ ဦးဖြင့် မြက်ပင်ချုံနွယ် များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ဆယ်ယူရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များ ရှင်းလင်းခြင်းနှင့် အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်း အလင်းဖွင့်ခြင်း၊ ကျောင်းနံရံနှင့် အုတ်ခြံစည်းရိုး ရှိ ရေညှိများတိုက်ချွတ်ဆေးကြောခြင်း၊ ကျောင်း အဆောက်အဦ ခေါင်မိုးများရှိ သစ်ရွက်ကြွေများ ရှင်းလင်းခြင်း၊ မြေပိုများရှင်းလင်းခြင်း၊ သစ်ရွက် ခြောက်ကြွေများ အမှိုက်၊ သဲ၊ ခဲများ လှည်းကျင်း ရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ခြင်ခိုအောင်းနိုင်သည့်နေရာများအား ခြင်ဆေးမှုတ်ခြင်း၊ ကျောင်းရှိ ရေစည်ရေကန်များအား အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း စုပေါင်းလုပ်အားပေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ကမ်းနားအနောက်ရပ်ကွက်၊ ဓနသိဒ္ဓိလမ်း၊ အောင်ဇေယျတံတားအောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အောင်ဇေယျ ရေဆိုးသန့်စင်စီမံကိန်း စက်ရုံဝင်းအတွင်း လုပ်ငန်း များ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြားသည်။

အဆိုပါ ရေဆိုးသန့်စင်စက်ရုံသည် အလျား ၁၇၁ ပေ၊ အနံ ၃၂ ပေ၊ အမြင့် ၁၃ ပေရှိ သံကူ ကွန်ကရစ် Brick Wall အမျိုးအစားဖြစ်ပြီး Moving Bed Bio-Reactor (MBBR) ရေဆိုး သန့်စင်စနစ်ဖြင့် Vacuum Truck ဖြင့် သယ် ဆောင်လာသော ရေဆိုးများကို သန့်စင်ပေး လျက်ရှိရာ ယခုအခါ ကမာရွတ်၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လှိုင်၊ အင်းစိန်နှင့် လှိုင်သာယာမြို့နယ် များမှ ထွက်ပေါ်လာသော ရေဆိုးများကို သန့်စင် ပေးလျက်ရှိကြောင်း သိရသည်။

ထိုမှတစ်ဆင့် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့ သည် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာန၊ အင်းစိန်ခရိုင်နှင့် မရမ်းကုန်းခရိုင်ရုံး ဝင်းအတွင်း ဥစားကြက်အကောင်ရေ ၁၀၀၀ မွေးမြူးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ကြက် ကောင်ရေ တိုးချဲ့မွေးမြူးရေး မှာကြားကာ လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့ သည် ရွှေပြည်သာမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပူးပေါင်းအင်အား ၁၂၀ ဦးဖြင့်လည်းကောင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ (၁၇) ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း တွင် ပူးပေါင်းအင်အား ၁၃၀ ဦးဖြင့်လည်းကောင်း သက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်း များ၊ ရပ်ကွက်နေပြည်သူများက မြက်ပင်ချုံနွယ် များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ဆယ်ယူရှင်းလင်းခြင်း၊ သစ်ပင်အောက်တက် များ ရှင်းလင်းခြင်းနှင့် အုပ်မိုးကိုင်းများ ဖြတ်ညှိ ပုံသွင်းအလင်းဖွင့်ခြင်း၊ ကျောင်းနံရံနှင့် အုတ် ခြံစည်းရိုးရှိ ရေညှိများ တိုက်ချွတ်ဆေးကြော ခြင်း၊ ကျောင်းအဆောက်အဦ ခေါင်မိုးများရှိ သစ်ရွက်ကြွေများ ရှင်းလင်းခြင်း၊ မြေပိုများ ရှင်းလင်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ အမှိုက်၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ခိုအောင်းနိုင်သည့် နေရာများကို ခြင်ဆေး မှုတ်ခြင်း၊ ကျောင်းရှိ ရေစည် ရေကန်များကို အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ် ခြင်း စသည့် စုပေါင်းလုပ်အားပေး ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းထောင့် ရှိ တိုးချဲ့ဘုရင့်နောင်ပန်းခြံအတွင်း တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပန်းခြံရှေ့တွင် အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) က အလျား ၁၀၂၇ ပေ၊ အကျယ် ၈ ပေ၊ အနက် ၅ ပေရှိ အုတ်ရေမြောင်း တည်ဆောက်နေမှုနှင့် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က ရန်ကုန် -ပုသိမ်လမ်းနှင့် အုတ်ရေမြောင်းအကြား ယာဉ် ရပ်နားရန်နေရာ ပြုလုပ်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီး‌အောင် ဆောင်ရွက်ရန် မှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့ သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ညောင် ကျေးရွာ၊ ပိတောက်လမ်းရှိ အမှတ် (၉) အခြေခံ ပညာအထက်တန်းကျောင်းတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ များ၊ လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူ များ ပူးပေါင်းအင်အား ၁၀၀ ဦးဖြင့် မြက်ပင် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်း များဆယ်ယူရှင်းလင်းခြင်း၊ သစ်ပင်အောက်တက် များ ရှင်းလင်းခြင်းနှင့် အုပ်မိုးကိုင်းများ ဖြတ်ညှိ ပုံသွင်း အလင်းဖွင့်ခြင်း၊ ကျောင်းနံရံနှင့် အုတ် ခြံစည်းရိုးရှိ ရေညှိများတိုက်ချွတ် ဆေးကြောခြင်း၊ ကျောင်းအဆောက်အဦ ခေါင်မိုးများရှိ သစ်ရွက် ကြွေများ ရှင်းလင်းခြင်း၊ မြေပိုများ ရှင်းလင်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ အမှိုက်၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ခိုအောင်းနိုင် သည့်နေရာများကို ခြင်ဆေးမှုတ်ခြင်း၊ ကျောင်းရှိ ရေစည်ရေကန်များကို အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း စသည့် စုပေါင်းလုပ်အားပေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေး သည်။







သတင်း - မိုးဝေ / ဓာတ်ပုံ - ကျော်သူထက်






အခြားဆက်စပ်သတင်းများ