နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းဆုန်ကရန်သင်္ကြန်ကာလ အရက်ကင်းစင်ရေး တိုက်တွန်း

ဘန်ကောက် ဧပြီ ၅

ထိုင်းနိုင်ငံ ရေသဘင်ပွဲတော်ဖြစ် သည့် ဆုန်ကရန်သင်္ကြန်ကာလအတွင်း အများပြည်သူ ဘေးကင်းလုံခြုံရေး အတွက် အရက်သေစာမပါဘဲ ဆင်နွှဲ ကြရန် ထိုင်း ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေး အထောက်အကူပြုအဖွဲ့များက ဧပြီ ၄ ရက်တွင် ပြောကြားသည်။ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပမည့်  ဆုန်ကရန်ပွဲတော်ကို အရက်သေစာသောက်စားခြင်းမပြုဘဲ ဆင်နွှဲခြင်းသည် အားလုံးအတွက် ဘေးကင်းလုံခြုံစေမည်ဖြစ်ပြီး ပျော်ရွှင် စွာ ရေပက်ကစားရာတွင် အရက်မူး ပျော်ပါးခြင်းမျိုး မဖြစ်သင့်ကြောင်း ကျန်းမာရေး အာဏာပိုင်များက ပြော သည်။

ထိုင်း ကျန်းမာရေးမြှင့်တင်ရေး ဖောင်ဒေးရှင်းက ကောက်ယူရရှိသည့် လူထုစစ်တမ်းတွင် နိုင်ငံခြားခရီးသွား များ၏ ၈၈ ရာခိုင်နှုန်းသည် ဆုန်ကရန် အခမ်းအနားများတွင် အရက်သေစာကို ပိတ်ပင်ပါက ပျော်စရာကောင်းမည်ဟု ဖြေဆိုထားသည်။ယူနက်စကိုက ဆုန်ကရန် သင်္ကြန် ပွဲတော်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေ အနှစ်စာရင်းသွင်းထားခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ယခုနှစ် တွင် အရက်ကင်းစင်သည့် သင်္ကြန် ပွဲဇုန်များ ကျင်းပကြရန် ပြည်နယ် တာဝန်ရှိသူများကို တိုက်တွန်းထား သည်။ဆုန်ကရန်ပွဲတော်ကာလအတွင်း ထိုင်းနိုင်ငံ လေဆိပ်များတွင် တစ်နေ့ လျှင် ခရီးသည် အဝင်အထွက် ၁၂၀,၀၀၀ ဝန်းကျင်အထိ ရှိနိုင်ပြီး တစ်နာရီလျှင် လေယာဉ် အတက်အဆင်း ၂၅ ကြိမ်ထက်မနည်း ရှိနိုင်ကြောင်း ခန့် မှန်းထားသည်။   






 (ref:Bangkok Post)






အခြားဆက်စပ်သတင်းများ