နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီသိန်းဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကြိုးပမ်းဆောင်ရွက်

ကျွန်ုပ်တို့နိုင်ငံတွင် နိုင်ငံ၏ လူဦးရေ၊ မြို့ပြအသုံးအဆောင်နှင့် စက်မှုလုပ်ငန်းများ တစ်နေ့တခြား တိုးပွားလျက်ရှိသည်။ တိုးပွား လာသည့်အနေအထားကို ဖြည့်စွမ်းရာ၌ လျှပ်စစ်ဓာတ်အားထုတ်ယူ မှုများသည် ရေရှည်စဉ်းစားရမည့် အချက်ဖြစ်သည်။

နိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် လိုအပ်သော စွမ်းအင်အမျိုးမျိုးနှင့် လောင်စာများ ရေရှည်စဉ်ဆက်မပြတ်ရရှိရေး နည်းလမ်းများနှင့် သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို LNG ဖြင့် ဖြည့်ဆည်းခြင်းနှင့် ပတ်သက်သည့် နည်းပညာနှင့် စီးပွားရေး အချက်အလက်များသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်‌ရေးအတွက် ကာလတို၊ ကာလရှည် စီမံကိန်းများ ရေးဆွဲ ရာတွင် အထောက်အကူပြုမည်ဖြစ်သည်။

ထိုနေရာ၌ ပြန်လည်ပြည့်မြဲစွမ်းအင်သည် အရေးပါလှသည်။ လေစွမ်းအင်၊ နေစွမ်းအင်နှင့် ဇီဝနှင့် စွန့်ပစ်ပစ္စည်းလောင်စာတို့ သည် သဘာဝအလျောက် ထုတ်ယူသုံးစွဲ၍ မကုန်သည့် စွမ်းအင်များ ဖြစ်သည်။ ထိုစွမ်းအင်များကို ထုတ်ယူရန် အရင်းအနှီးနှင့်နည်းပညာ ကျွမ်းကျင်မှုတို့ လိုအပ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာ‌ရေးကော်မတီနှင့် ကိုရီးယား နိုင်ငံ GES Co.Ltd တို့ ပူးပေါင်းဆောင်ရွက်သည့် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံများမှ ထွက်ရှိသော မီသိန်းဓာတ်ငွေ့များအား စုစည်း သန့်စင်၍ Generator ဖြင့် လည်ပတ်ပြီး လျှပ်စစ်ထုတ်လုပ်ခြင်း ဆွေးနွေးပွဲကို ဧပြီ ၄ ရက်က ရန်ကုန်မြို့ရှိ Chtrium Hotel တွင် ကျင်းပသည်။

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက ရန်ကုန်မြို့တော်၏ မြို့ပြ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် လူဦးရေတိုးတက်လာမှု၊ စွန့်ပစ်အမှိုက် ထွက်ရှိမှု ပမာဏ တိုးတက်မြင့်မားလာမှု၊ တစ်နေ့လျှင် အမှိုက် တန် ၂၅၀၀ ခန့် ထွက်ရှိမှုမှ နောက်ဆုံးစွန့်ပစ် အမှိုက်ပုံများတွင် အမှိုက်တစ်လွှာ၊ မြေတစ်လွှာ ဖိကြိတ်ဆောင်ရွက်မှု၊ စွန့်ပစ် အမှိုက်ပုံများတွင် မြေနေရာရှားပါးခြင်းနှင့် သဘာဝမြေဩဇာ ထုတ်လုပ်မှု အောင်းပူမှ မီးလောင်မှုမဖြစ်စေရေး မီသိန်းဓာတ်ငွေ့ များအား ပိုက်များဖြင့် ထုတ်လွှတ်ထားသည်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရေး ကိုရီးယားနိုင်ငံ GES Co.Ltd ၏ နည်းပညာဖြင့် မီသိန်းဓာတ်ငွေ့များ စုစည်းသန့်စင်ပြီး လျှပ်စစ်ထုတ်ယူနိုင်ရေး ကို ဆွေးနွေးဆောင်ရွက်ခဲ့ခြင်းကြောင့် စီမံကိန်းတွင် နှစ်နိုင်ငံ အကြား အရှိန်အဟုန်ဖြင့် ရေရှည်တည်တံ့စွာ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လိုကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။

 ရန်ကုန်မြို့တော်၏ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများမှ လျှပ်စစ်ဓာတ်အားထုတ်ယူခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းဖြင့် လူသားတို့အလိုရှိသော အရာအားလုံးကို ပေးနိုင်စွမ်းရှိ၏။ သို့ဖြစ်ရာ ပြန်လည်ပြည့်မြဲစွမ်းအင်များ ထုတ်ယူ နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်စေချင်ကြောင်း။     






အခြားဆက်စပ်သတင်းများ