နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းတွင် အပူချိန် သတိပေးချက်များ အရေးပေါ်ထုတ်ပြန်

ဘန်ကောက် ဧပြီ ၄

ထိုင်းနိုင်ငံတွင် ဧပြီ ၄ ရက်မှ ၇ ရက်အတွင်း ရာသီဥတုပူပြင်းပြီး အချို့ဒေသများတွင် အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်ထိ  မြင့်မားနိုင် ကြောင်း ထိုင်းနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဌာနက အရေးပေါ် သတိပေး ချက် ထုတ်ပြန်ထားသည်။ 

အထူးသဖြင့် ထိုင်းအရှေ့မြောက် ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသ များတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်ပြီး ရာသီဥတုပူပြင်းနိုင်ကာ အချို့ဒေသများတွင် မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေး  ဂရုစိုက်ရန်၊ ပူပြင်း သည့်  နေရောင်ခြည်နှင့် ဟင်းလင်း ပြင်များတွင်  အချိန်ကြာမြင့်စွာ နေထိုင်ခြင်း၊  အလုပ်လုပ်ခြင်းများ ရှောင်ကြဉ်ရန်၊  မိုးသားများဖြစ် ပေါ်သည့်အရပ်တွင် မိုးသက်လေပြင်း ကျရောက်နိုင်ခြင်းကြောင့် သစ်ပင် ကြီးများ၊ ခိုင်ခန့်မှုမရှိသည့် အဆောက် အဦများ၊ ပိုစတာ ဆိုင်းဘုတ်တိုင်များ အောက်နားခိုခြင်းမှ ရှောင်ကြဉ်ရန် သတိပေးထားသည်။

ဧပြီ ၁ ရက်မှ  ၇ ရက်အတွင်း ဒေသအလိုက်အပူချိန်များကိုလည်း ထုတ်ပြန်ပေးထားပြီး ဘန်ကောက်မြို့ အနီးတစ်ဝိုက် ဧရိယာများတွင် နေ့လည်ပိုင်း အပူချိန် ၃၄ မှ ၄၁ဒီဂရီ စင်တီဂရိတ်၊ ညအပူချိန် ၂၇ မှ ၃၀ ဒီဂရီစင်တီဂရိတ်ရှိနိုင်ကြောင်း သိရ သည်။







(ref:Bangkok Post)






အခြားဆက်စပ်သတင်းများ