နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီတလီတွင် မုန်တိုင်းမိုးကြောင့် ရေကြီးမြေပြိုမှုဖြစ်ပွား

ရောမ ဧပြီ ၄

အီတလီနိုင်ငံ အီဒိုလိုမြို့တွင် မုန်တိုင်းမိုး သည်းထန်စွာ ရွာသွန်း ပြီးနောက် ရေကြီးရေလျှံမှု ၊ မြေပြိုမှု စသည့် ရာသီဥတုဆိုးရွားမှုဖြစ်စဉ် ကြောင့် အီဒိုလိုမြို့ ဧရိယာရှိ အနည်းဆုံး လူ ၁၅ ဦးကို အာဏာပိုင်များက နေရပ် ရွှေ့ပြောင်းပေးနေကြောင်း သိရသည်။

အီတလီအရေးပေါ် ကယ်ဆယ် ရေးဌာနက ထုတ်ပြန်သည့် ဗီဒီယို ဖိုင်များအရ လမ်းများတွင် လျှံတက် လာသည့်ရေများ စီးနေခြင်းနှင့် ဗွက်ရေ များ လှေကားထစ်များတွင် စီးနေသည် ကို မြင်တွေ့ရသည်။ 

လက်ရှိတွင် အဆိုပါ ရေကြီးရေလျှံ မှုကြောင့် အီဒိုလိုမြို့နှင့် အက်ပရီကာ မြို့ကို ဆက်သွယ်ထားသည့် လမ်းမကြီး ၏ ကြံ့ခိုင်မှုအခြေအနေကို ကယ်ဆယ် ရေးအဖွဲ့များနှင့် ဘူမိဗေဒပညာရှင် အဖွဲ့များ ပူးတွဲပြီး လေ့လာဆန်းစစ်မှု များပြုလုပ်နေကြောင်း သိရသည်။







(ref: AP)






အခြားဆက်စပ်သတင်းများ