နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်ဝမ်ကျွန်းတွင် ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ငလျင်ကြောင့် လူထောင်ချီ ဒဏ်ရာရ

တိုင်ပေ ဧပြီ ၄

ထိုင်ဝမ်ကျွန်းကမ်းလွန်တွင် ဧပြီ ၃ ရက်က ရစ်ခ်ျတာစကေး ၇ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ် သွားခြင်းကြောင့် လက်ရှိအချိန်ထိ လူကိုးဦးသေဆုံးပြီး ၁၀၃၈ ဦး  ဒဏ်ရာရထားကြောင်း ကျွန်း၏ ဗဟို မိုးလေဝသဌာနက ထုတ်ပြန်သည်။

ငလျင်ဗဟိုချက်သည် ထိုင်ဝမ်ကျွန်း အရှေ့ဘက်ကမ်းရိုးတန်းရေပြင်တွင် ဖြစ်ပြီး ငလျင်ကြောင့် တိုင်ပေမြို့ နေရာ အများစုတွင် လျှပ်စစ်ဓာတ်အားပြတ် တောက်နေကြောင်း ဒေသအုပ်ချုပ် ရေးအဖွဲ့က ပြောသည်။

ငလျင်ဗဟိုချက်အနီး ဟွာလီအန် ခရိုင်အရှေ့ပိုင်းတွင် အဆောက်အအုံ အချို့ပြိုကျပြီး လူများ ပိတ်မိနေကာ ယခုငလျင်သည် နှစ်ပေါင်း ၂၅နှစ် အတွင်း ကျွန်း၏ အပြင်းထန်ဆုံး ငလျင်ဖြစ်ကြောင်း သိရသည်။ 

ထိုင်ဝမ်ကျွန်းငလျင် အရှိန်သည် ဂျပန်နိုင်ငံ တောင်ပိုင်း အိုကီနာဝါစီ ရင်စု ကမ်းရိုးတန်းဒေသများကို လည်း ရောက်ရှိလာနိုင်သဖြင့် ဒေသခံ များ ဘေးလွတ်ရာ ရွှေ့ပြောင်းရန် ဂျပန်မိုးလေဝသ အေဂျင်စီက အသိ ပေးထားသည်။             






(ref: Reuters)






အခြားဆက်စပ်သတင်းများ