နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Move Forward ပါတီဖျက်သိမ်းရေး အဆိုပြုချက် ထိုင်းဖွဲ့စည်းပုံတရားရုံး ကြားနာမည်

ဘန်ကောက် ဧပြီ ၄

ထိုင်းနိုင်ငံရှိ Move Forward ပါတီကို ဖျက်သိမ်းရန် လျှောက်ထားချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း ဧပြီ ၃ ရက်တွင် အတည်ပြု လက်ခံလိုက်သည်။

ဘုရင်ကို ထိခိုက်စေသည့် ပြောဆိုမှု များအတွက် အရေးယူသည့် ဥပဒေ များကို  ပြင်ဆင်ရန်၊ စစ်တပ်နှင့် စီးပွားရေး  လုပ်ငန်းကြီးများ၏ လက်ဝါးကြီးအုပ်မှုများကို ပြုပြင် ပြောင်းလဲရန် ကတိပြုခဲ့သည့် Move Forward ပါတီသည် ယမန်နှစ် မေလ ရွေးကောက်ပွဲတွင် ထောက်ခံမှုအများစု ရခဲ့သော်လည်း ရွေးကောက်ပွဲ နောက် ပိုင်း  ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေး ကြိုးပမ်းမှုများတွင် ဝိုင်းပယ်ခံရသလို နိုင်ငံရေးနှင့် ဥပဒေကြောင်းအရလည်း ပြဿနာများ ရင်ဆိုင်ခဲ့ရသည်။

တရားရုံးက ပါတီဖျက်သိမ်းရေး လျှောက်ထားချက်ကို ကြားနာရန် လက်ခံလိုက်ပြီးနောက်  Move Forward ပါတီအနေဖြင့် ခုခံချေပရန် အထောက်အထားများကို ၁၅ ရက် အတွင်း တင်သွင်းရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံတရားရုံးက ထုတ်ပြန်ထား သည်။                               





(ref: CNA)






အခြားဆက်စပ်သတင်းများ