နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယမကာသုံးစွဲမှု လျော့နည်းရေး ကြိုးပမ်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းများအရ ကမ္ဘာပေါ်တွင် လူဦးရေ သန်း ၂၀၀ ကျော်သည် အရက်ကိုစွဲစွဲမြဲမြဲ သောက်သုံး ကြောင်းနှင့် သန်း ၈၀ နီးပါးမှာ အရက်ယမကာကြောင့်ဖြစ်သော ဝေဒနာများ ခံစားနေရသည်ဟု လေ့လာတွေ့ရှိချက်ကို ထုတ်ပြန် ထားသည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှုကို လျော့နည်းစေနိုင်ရေးအတွက် ဥပဒေအကြောင်းအရ ပညာပေး မြှင့်တင်ခြင်းကို  ကျန်းမာရေးဝန်ကြီးဌာနက  အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ နေထိုင်မှုပုံစံပြောင်းလဲမှုကို အကြောင်းအမျိုးမျိုး ပြပြီး အရက်သောက်သုံးသူများ ပိုမိုများပြားလာ၏။ အသက် ငယ်ရွယ်သူများအပြင် မိန်းကလေးများလည်း သောက်သုံးလာကြ သည့်အတွက် ယမကာအန္တရာယ်သည် တစ်နေ့တခြား ကြီးမား လာသည်။ 

ယမကာအရက်ကို မသောက်ရမနေနိုင်သည့် အရက်စွဲရောဂါ ခံစားနေရသူများတွင် အရက်အဆိပ်ကြောင့် ခန္ဓာကိုယ်ထဲရှိ အင်္ဂါ အစိတ်အပိုင်းများ ပျက်စီးရပြီး နောက်ဆက်တွဲရောဂါပေါင်းစုံ ရရှိကာ အသည်းခြောက်ရောဂါခံစားရပြီး အသက်အန္တရာယ် ဖြစ်စေသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အရက်ယမကာသောက်သုံးမှု လျှော့ချရေးအတွက် မူဝါဒများ ရေးဆွဲချမှတ်နိုင်ရေး ဆောင်ရွက် လျက်ရှိသည်။

၂၀၂၄ ခုနှစ်၏ အခွန်အကောက်ဥပဒေ အပိုဒ် ၄၀ (ခ) အခွန် အမှတ်တံဆိပ်ကပ်နှိပ် ရောင်းချစေရမည့် ကုန်စည်နှင့် စပ်လျဉ်း၍ သတ်မှတ်အခွန်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိ ရောင်းချကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးက စစ်ဆေးတွေ့ရှိပါက အခွန်အမှတ် တံဆိပ်ကပ်နှိပ်ထားခြင်းမရှိသော ကုန်စည်ကို လက်ရှိပိုင်ဆိုင်ထား ခြင်းအတွက် လက်ဝယ်ထားရှိသူက ယင်းကုန်စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဟု ပြဋ္ဌာန်းထား သည်။

အရက်အဖျော်ယမကာ ရောင်းချသူ၊ သုံးစွဲသူတို့ သတိပြုရမည် ဖြစ်သည်။ ပြည်သူတစ်ရပ်လုံး၏ ကျန်းမာဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော အရက် ယမကာသောက်သုံးမှု လျော့နည်းကျဆင်းပြီး ကျန်းမာကြံ့ခိုင်သော လူမျိုးဖြစ်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အရက်ယမကာ သောက်သုံးမှု လျော့နည်းစေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည်။

အရက်အဖျော်ယမကာသည် လူတို့ကို ကျန်းမာရေးထိခိုက်စေ ခြင်းနှင့် ကိုယ်ကျင့်သိက္ခာနှင့် ပြစ်မှုကျူးလွန်မှုများကို အလွယ်ကူ ဆုံး အလျင်အမြန်ဆုံး ဖြစ်ပေါ်စေနိုင်သော အရက်အန္တရာယ်ကို        ဝိုင်းဝန်းကာကွယ်ပေးစေချင်ကြောင်း။    






အခြားဆက်စပ်သတင်းများ