နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့တော်ဝန် ဦးဗိုလ်ဌေး ဦးဝိစာရလမ်း လူသွားဥမင်တည်ဆောက်ရေးနှင့် ရွှေတိဂုံစေတီတော်ပတ်လမ်း ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန် ဧပြီ  ၄

ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ညပိုင်းက ဒဂုံမြို့နယ် ရွှေတိဂုံစေတီတော်အနောက်ဘက် မုခ်နှင့် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အကြားရှိ ဦးဝိစာရလမ်း  မြေအောက်လမ်းကူး လူသွားဥမင် တည်ဆောက်ရေးလုပ်ငန်းခွင် နှင့် ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်မှ အနောက်‌ရွှေဂုံတိုင် လမ်းအထိ ရွှေတိဂုံစေတီတော်ပတ်လမ်း ကတ္တရာကွန်ကရစ် (AC) ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းခွင်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ည ၉ နာရီတွင် ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အကြားရှိ ဦးဝိစာရလမ်း မြေအောက်လမ်းကူး လူသွားဥမင် တည်ဆောက်ရေးလုပ်ငန်းခွင် သို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး ပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေ၊ စံချိန်စံညွှန်းကိုက်ညီစွာ ဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင်သည် အမြင့် ၁၁ ပေ၊ ခန်းဖွင့်အကျယ် ၂၃ ပေ၊ ဥမင် အလျား ၄၆၁ ပေ ၉ လက်မ၊ အဝင်/အထွက်ပေါက် လေးခုအပေါ် ဖို့မြေ အမြင့် ၂ ပေ ၉ လက်မ၊ ရွေ့လျားစက်လှေကား လေးစင်း၊ မသန်စွမ်းများ အသုံးပြုရန် ဓာတ်လှေကားနှစ်စင်း ပါဝင်မည်ဖြစ်ပြီး တစ်နာရီလျှင် လူဦးရေ ၁၄၀၀၀ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကာ ရွှေတိဂုံစေတီတော်နှင့်  ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်သို့    ပြည်သူများလာရောက် ရာတွင်  ယာဉ်အန္တရာယ်ကင်းရှင်းပြီး သက်သောင့်သက်သာ ဖြတ်သန်း သွားလာနိုင်စေရန်နှင့် ခေတ်မီအခြေခံအဆောက်အဦတစ်ခု ထပ်မံပေါ်ပေါက်စေရန် ရည်ရွယ်ဆောက်လုပ် ခြင်းဖြစ်သည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်တာဝန်ရှိသူများသည် အင်ဂျင် နီယာဌာန (လမ်းနှင့်တံတား) က ဆောင်ရွက်နေသည့် အရှည် ၁၂၀၀ ပေ၊ အကျယ် ၃၀ ပေရှိ ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်မှ အနောက်‌ရွှေဂုံတိုင်လမ်းအထိ ရွှေတိဂုံစေတီတော်ပတ်လမ်း ကတ္တရာကွန်ကရစ် (AC) ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်ချိန် ယာဉ် သွားလာမှုအဆင်ပြေစေရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးတို့ကို ဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။






သတင်း/ဓာတ်ပုံ- မိုးဝေ






အခြားဆက်စပ်သတင်းများ