နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့တော်ဝန်ဦးဗိုလ်ဌေး အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်၊  ဧပြီ  ၄

ရန်ကုန်တိုင်းဒေသကြီး အတွင်း အခြေခံပညာကျောင်း များ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ နှင့် စည်ပင်သာယာအုပ်ချုပ်ရေး မှူးများ  ကြီးကြပ်၍ ဌာနဆိုင်ရာ များ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများ ပူးပေါင်းအင်အား ဖြင့် စဉ်ဆက်မပြတ်စုပေါင်း လုပ်အားပေးများ ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင် သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့်  ကော်မတီဝင်များ၊ ဌာနမှူးများ၊ တာဝန်ရှိသူများ လိုက်ပါလျက် အခြေခံပညာကျောင်းများ သန့်ရှင်း သာယာလှပရေး ဆောင်ရွက် နေမှုများ လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။

ရန်ကုန် မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် အဖွဲ့သည် သာကေတမြို့နယ်၊ ထူပါရုံ ရပ်ကွက်၊ ထူပါရုံလမ်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ပူးပေါင်းအင်အား ၁၀၀ ဦးဖြင့်လည်းကောင်း၊ ဗိုလ်တထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းနှင့် သိမ်ဖြူလမ်းထောင့် ရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းတွင် ပူးပေါင်းအင်အား ၁၀၀ ဦးဖြင့် လည်းကောင်း၊ ပန်းဘဲတန်း မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ပူးပေါင်းအင်အား ၁၂၀ ဦးဖြင့်လည်းကောင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းတွင် ပူးပေါင်းအင်အား ၁၂၀ ဦးဖြင့်လည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ အိုးဘို ရပ်ကွက်၊ အောက်ကြည့်မြင်တိုင် လမ်းနှင့် ရုံးကြီးလမ်းထောင့်ရှိ အမှတ် (၆) အခြေခံပညာမူလ  တန်းကျောင်းတွင် ပူးပေါင်း အင်အား ၁၀၀ ဦးဖြင့် လည်းကောင်း၊ ကမာရွတ်မြို့နယ်၊ (၁၀) ရပ်ကွက်၊ ကင်ပွန်းခြံ လမ်းရှိ အမှတ် (၄) အခြေခံ ပညာအထက်တန်းကျောင်း တွင် ပူးပေါင်းအင်အား ၁၀၀ ဦးဖြင့်လည်းကောင်း၊ မြက်ပင် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊ ရေနုတ်မြောင်းများ ဆယ်ယူရှင်းလင်းခြင်း၊ သစ်ပင် အောက်တက်များ ရှင်းလင်း ခြင်းနှင့် အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်း အလင်းဖွင့်ခြင်း၊ ကျောင်းနံရံနှင့် အုတ်ခြံစည်းရိုး ရှိ ရေညှိများတိုက်ချွတ်ဆေးကြော ခြင်း၊ ကျောင်းအဆောက်အဦ ခေါင်မိုးများရှိ သစ်ရွက်ကြွေများ ရှင်းလင်းခြင်း၊ မြေပိုများရှင်းလင်း ခြင်း၊ သစ်ရွက်ခြောက်ကြွေများ အမှိုက်၊ သဲ၊ ခဲများ လှည်းကျင်း ရှင်းလင်းခြင်း၊ သွေးလွန် တုတ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ခြင် ခိုအောင်းနိုင်သည့် နေရာများကို ခြင်ဆေးမှုတ်ခြင်း၊ ကျောင်းရှိ ရေစည်ရေကန်များကို အဘိတ် ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း စုပေါင်းလုပ်အားပေး ဆောင်ရွက်နေမှုကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။






သတင်း- မိုးဝေ

ဓာတ်ပုံ- ကျော်သူထက်






အခြားဆက်စပ်သတင်းများ