နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ကိုရီးယား တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်

ပြုံယမ်း ဧပြီ ၃

မြောက်ကိုရီးယားသည် တာလတ် ပစ် ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသည့် ဒုံးကျည်တစ်စင်းကို ဧပြီ ၂ ရက်က စမ်းသပ်ပစ်လွှတ်လိုက်ကြောင်း တောင် ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

တောင်ကိုရီးယား၏ အကဲဖြတ်ချက် များအရ အဆိုပါ ဒုံးကျည်ကို ပြုံယမ်းမှ ပစ်လွှတ်ခြင်းဖြစ်ပြီး ယခင်ကလည်း မြောက်ကိုရီးယားသည် ယင်းဒေသ မှပင် ဂျပန်ပင်လယ်ပြင်သို့ ပဲ့ထိန်း ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ဖူးကြောင်း ပြောသည်။

ဒုံးကျည်များ ထပ်မံ ပစ်လွှတ်မည်ကို စောင့်ကြည့်ရန် တောင်ကိုရီးယား တပ်မတော်အနေဖြင့် စောင့်ကြည့်ရေး အဆင့်ကို တိုးမြှင့်ထားပြီး တောင်ကိုရီး ယားသည် အမေရိကန်၊ ဂျပန်တို့နှင့် သတင်းအချက်အလက်များ ဖလှယ် နေကြောင်း ပူးတွဲစစ်ဦးစီးချုပ်က ပြော သည်။

မြောက်ကိုရီးယားသည် ယခုနှစ် ဇန်နဝါရီ ၁၄ ရက်ကလည်း နျူထိပ် ဖူးတပ်ဆင်နိုင်သည့် အသံထက်မြန် သော ဒုံးကျည်တစ်စင်းကို စမ်းသပ် ပစ်လွှတ်ခဲ့သည်။






(ref:AFP)






အခြားဆက်စပ်သတင်းများ