နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယတွင် အပူလှိုင်းလွန်ကဲမှုကြောင့် စားနပ်ရိက္ခာကဏ္ဍ ထိခိုက်မှုများ ရှိလာနိုင်

နယူးဒေလီ ဧပြီ ၃

အိန္ဒိယနိုင်ငံတွင် ဧပြီလမှ ဇွန်လ အတွင်း အပူလှိုင်းလွန်ကဲလာနိုင်ခြင်း ကြောင့် စိုက်ပျိုးရေးထုတ်ကုန်များ ထိခိုက်လာနိုင်ပြီး စားနပ်ရိက္ခာကဏ္ဍကို ထိခိုက်လာနိုင်ကြောင်း ရာသီဥတု ဆိုင်ရာ ကျွမ်းကျင်သူများက ဧပြီ ၂ ရက် တွင် ပြောသည်။ 

အိန္ဒိယသည် ကမ္ဘာတွင် ဒုတိယ မြောက် ဂျုံထုတ်လုပ်မှုအများဆုံးနိုင်ငံ ဖြစ်ခြင်းကြောင့် အပူလှိုင်းလွန်ကဲမှု သည် ဂျုံ၊ မုန်ညှင်းစေ့နှင့် ကုလားပဲ ထုတ်လုပ်မှုများအပေါ် အနှောင့်အယှက် ဖြစ်နိုင်ပြီး လျှပ်စစ်ဓာတ်အားလိုအပ် ချက်များလည်း ပိုမိုမြင့်တက်လာနိုင် ကြောင်း သိရသည်။ 

ဧပြီမှ ဇွန်လအတွင်း နိုင်ငံ၏ ဒေသ အများစုတွင် အပူလှိုင်း ကျရောက် နိုင်သည့် ရက်ပေါင်းသည် ၁၀ ရက်မှ ရက် ၂၀ အထိ ကြုံရနိုင်ကြောင်း အိန္ဒိယ မိုးလေဝသဌာန(IMD) ၏ ညွှန်ကြား ရေးမှူးချုပ် မရွတ်ယန်ဂျေးမိုဟာပါ ထရာက ပြောသည်။

အိန္ဒိယတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အတွင်း အပူလှိုင်းကြောင့် နိုင်ငံ၏ ဂျုံထုတ်လုပ်မှု ကျဆင်းကာ ပြည်ပ တင်ပို့မှုများကို ပိတ်ပင်ခဲ့ရကြောင်း သိရသည်။                       





 (ref: BBC)






အခြားဆက်စပ်သတင်းများ