နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အနိမ့်ပျံ ဝန်တင်ဒရုန်း တရုတ် စမ်းသပ်ပြေးဆွဲ

ပေကျင်း ဧပြီ ၃

အမြင့်ပေ အနိမ့်တွင်သာ ပျံသန်း နိုင်သည့် သယ်ယူပို့ဆောင်ရေး ဝန်တင်ဒရုန်းကို တရုတ်နိုင်ငံ ကွမ် တုံး ပြည်နယ်တွင် ဧပြီ ၂ ရက်က စမ်း သပ်ပြေးဆွဲကြောင်း သိရသည်။

အဆိုပါဒရုန်းသည် တရုတ်နိုင်ငံ ရှန်းကျန်နှင့် ကျူးဟိုင် မြို့တို့တွင် ကုန်စည် အမြန်သယ်ယူပို့ဆောင်ရေး ပြုလုပ်ရန်အတွက် ရည်ရွယ်ထုတ် လုပ်ထားခြင်းဖြစ်ပြီး အမြန်ဆုံးနှုန်း တစ်နာရီလျှင် ၆၅ ကီလိုမီတာအထိ ပျံသန်းနိုင်ကာ အလေးချိန် အများ ဆုံး ကီလို ၂၀ အထိ သယ်ဆောင်နိုင် သည့်အပြင် ပစ္စည်းများကို မိနစ် ၄၀ အတွင်း မြို့တွင်းအရောက် သယ်ယူ ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံတွင် ယမန်နှစ် နှစ်ကုန်ပိုင်းအထိ သိရသော စာရင်း များအရ တရားဝင် မှတ်ပုံတင်ပြီးသော ဒရုန်းအစင်းရေ ၁ ဒသမ ၂၆ သန်းရှိပြီး အဆိုပါ အရေအတွက်သည် ၂၀၂၂ ကာလတူ အချိန်ထက် ၃၂ ဒသမ ၂ ရာခိုင်နှုန်းပိုများလာကြောင်း သိရ သည်။

 ထို့ပြင် ဒရုန်းများ၏ စုစုပေါင်း ပျံသန်းချိန်သည် နာရီပေါင်း ၂၃ ဒသမ ၁၁ သန်းရှိပြီး  ယခင်နှစ်ကာလတူထက် နာရီပေါင်း ၁၁ ဒသမ ၈ သန်း တိုးလာကြောင်း  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အရပ်ဖက်လေကြောင်း ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ် ပြန်ထားသည်။                  






(ref:CMG)






အခြားဆက်စပ်သတင်းများ