နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်-မက္ကဆီကို နယ်စပ်မှ ရွှေ့ပြောင်းများ နေရပ်သို့ပြန်ပို့

ဂွာတီမာလာစီးတီး ဧပြီ ၃

အမေရိကန်-မက္ကဆီကို နယ်စပ်သို့ ရောက်ရှိနေသော ပြည်နှင်ဒဏ်ပေး ခံထားရသည့် ရွှေ့ပြောင်းနေထိုင်သူ ၃၆၈ ဦးကို ယင်းတို့နေရပ်သို့ ပြန်ပို့ နေကြောင်း လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက ဧပြီ ၂ ရက်တွင် ပြောသည်။ 

ဂွာတီမာလာ ရွှေ့ပြောင်းအခြေချသူ များအရေး အင်စတီကျု၏ ထုတ်ပြန် ချက်အရ အမေရိကန် အာဏာပိုင်များ ပြန်ပို့ထားသည့် ဂွာတီမာလာ နိုင်ငံသား များသည် နေရပ်သို့ ပြန်လည်ရောက် ရှိလာပြီး နောက်ထပ် ပြန်ပို့မည့် ဂွာတီ မာလာနိုင်ငံသားများလည်း ထပ်မံ ရောက်ရှိလာနိုင်ကြောင်း သိရသည်။

ဂွာတီမာလာ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များ၏ တရားဝင်အချက် အလက်များအရ အမေရိကန်သည် ၂၀၂၄ ခုနှစ်တွင် လေယာဉ် ခရီးစဉ် ၁၆၂ ကြိမ်နှင့် ဗဟိုအမေရိက ရွှေ့ပြောင်း နေထိုင်သူ ၁၉,၀၀၀ ကျော်ကို ပြန်လည် စေလွှတ်ခဲ့ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် အထောက် အထား မဲ့ ရွှေ့ပြောင်းနေထိုင်သူအုပ်စုကြီး တစ်စုသည် မက္ကဆီကန် ပြည်နယ် ချီယာ ပါ့စ် အဝေးပြေးလမ်းမတစ်လျှောက် အမေရိကန်သို့ ဦးတည်သွားနေပြီး လူပေါင်း ၂,၀၀၀ ခန့်ရှိကာ အများစု သည် ဗင်နီဇွဲလား၊ ဂွာတီမာလာ၊ ဟွန်ဒူး ရပ်စ် စသည့် ဗဟိုအမေရိကန်နှင့် တောင်အမေရိကန်နိုင်ငံများက ဖြစ် ကြောင်း သိရသည်။






(ref:Reuters)






အခြားဆက်စပ်သတင်းများ