နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပူချိန်အန္တရာယ်ကြောင့် ဖိလစ်ပိုင် စာသင်ကျောင်း ရာချီပိတ်

မနီလာ ဧပြီ ၃

ဖိလစ်ပိုင်နိုင်ငံတွင် အန္တရာယ် ဖြစ်စေသည်အထိ အပူချိန် မြင့်တက် နေခြင်းကြောင့် မြို့တော်မနီလာ အပါ အဝင်  နိုင်ငံတစ်ဝန်း ရာနှင့်ချီသော စာသင်ကျောင်းများကို ဧပြီ ၂ ရက်က စ၍ ပိတ်လိုက်ပြီဖြစ်ကြောင်း သိရ သည်။

မြို့တော် မနီလာတွင် အပူချိန် ၄၂ ဒီဂရီ ဆဲလ်စီးယပ်စ်ရှိနေပြီး လာမည့် ရက်များတွင် ၄၃ ဒီဂရီအထိ ရှိလာနိုင် ကြောင်း၊အလားတူ အပူချိန်သည် နိုင်ငံ အတွင်း အခြားမြို့များတွင်လည်း ဖြစ် ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင် များက ခန့်မှန်းထားသည်။

စာသင်ကျောင်းအရေအတွက် မည်မျှ ပိတ်လိုက်ရသည်ဆိုသည့် စာရင်း အတိအကျကို ဖိလစ်ပိုင်ပညာရေး ဌာနက ထုတ်ပြန်ခြင်းမရှိသော်လည်း ရာသီဥတု အန္တရာယ်ကြောင့် လူကိုယ် တိုင်ကျောင်းတက်ရောက်ခြင်းများကို တားဆီးခြင်းဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်းအရှေ့တောင် အာရှနိုင်ငံများတွင်လည်း အပူချိန်များ သိသာစွာ မြင့်တက်နေခြင်းကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သတိ ပေးချက်ထုတ်ပြန်ထားသည်။






(ref:CNA)






အခြားဆက်စပ်သတင်းများ