နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှလုံးရောဂါ သတိပြုပါ

လူတို့၏ နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲလာသည်နှင့် အမျှ အဖြစ်အများဆုံးရောဂါများတွင် နှလုံး‌ရောဂါ ပါဝင်လာသည်။ နှလုံးသွေးကြောကျဉ်းရောဂါ၊ ရုတ်တရက် နှလုံးဖောက်ပြန်မှုရောဂါ စသည့် နှလုံးရောဂါများသည် လူကို အန္တရာယ်ပြုစေနိုင်သော ‌ရောဂါများပင် ဖြစ်သည်။

ကမ္ဘာတွင် ရုတ်တရက် နှလုံးဖောက်ပြန်မှုရောဂါကြောင့် သေဆုံးရသူ ဦးရေသည် ၁၈ သန်းကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ သိရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ရည်မှန်းချက်ဖြစ်သော ၂၀၂၅ ခုနှစ်တွင် နှလုံးသွေးကြော ရောဂါကြောင့် အရွယ်မတိုင်မီ သေဆုံးရခြင်းကို ၂၅ ရာခိုင်နှုန်း လျှော့ချရန် ကျန်းမာရေးအဖွဲ့အစည်းအသီးသီးက ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

နှလုံးရောဂါသည် ဖြစ်ပြီဆိုလျှင် ကုသရန်ခက်ခဲလှသည်။ လူတို့ အနေဖြင့် နှလုံးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် သစ်သီး ဝလံနှင့် ဟင်းသီးဟင်းရွက်များကို များများစားသုံးခြင်း၊ အငန်၊ အချို၊ အဆီ၊ အဆိမ့်များ လျှော့၍ စားသုံးခြင်း၊ အရက်နှင့်ဆေးလိပ် သောက်သုံးမှုမှ ရှောင်ကြဉ်ခြင်း၊ အဝလွန်မှုကိုဂရုပြုကာကွယ် ထိန်းသိမ်းခြင်း၊ ပုံမှန်လေ့ကျင့်ခန်းတစ်ခုခု ပြုလုပ်ခြင်းစသည်တို့ကို လိုက်နာဆောင်ရွက်သင့်သည်။

ရုတ်တရက် နှလုံးဖောက်ပြန်မှုရောဂါကြောင့် သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းမှာ ရောဂါကို ကြိုတင်မသိခြင်း၊ ရောဂါ ရှိကြောင်းသိလည်း ပေါ့ပေါ့တန်တန် နေထိုင်စားသောက်နေခြင်း၊ ကျန်းမာရေးစစ်ဆေးမှု အားနည်းခြင်း၊ နှလုံးရောဂါနှင့်ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်များကို လျစ်လျူရှုထားခြင်း စသည်တို့ကြောင့် ဖြစ်သည်။

လူအချို့စားသုံးသော အဓိက ဟင်းလျာများတွင် အငန်၊ အချို နှင့် အဆီဓာတ်များ ပိုကဲစွာ တွေ့ရတတ်သည်။ အချို့ကား အဆီ များခြင်း အန္တရာယ်ကို သတိမထားမိကြ။ ထို့ကြောင့် ဆေးဘက် ဆိုင်ရာ ပညာရှင်များက အသားမှရသော ဆီထက် ဟင်းသီး ဟင်းရွက်နှင့် ငါးမှရသော ဆီကိုစားသုံးရန် ညွှန်းဆိုကြခြင်းဖြစ် သည်။

သို့ဖြစ်ရာ လူတို့အနေဖြင့် နှလုံးရောဂါကြောင့် သေဆုံးရခြင်း မှ ကင်းဝေးစေရန် ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက် သည်ဆိုသည့် စကားအတိုင်း အနေအထိုင် အစားအသောက်တို့ကို သတိပြုစားသောက်နေထိုင်သင့်ပေသည်။

နှလုံးရောဂါအန္တရာယ်ကို လူတစ်ဦးချင်း၊ အိမ်ထောင်စုတစ်စု ချင်းမှ ကြိုးပမ်းဆောင်ရွက်မှ ကျန်းမာသော လူ့အသိုင်းအဝိုင်း တစ်ခုကို ဖန်တီးနိုင်မည်ဖြစ်ပါကြောင်း။     






အခြားဆက်စပ်သတင်းများ