နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာအိုဖီးလစ်ကို အင်နီဂို မာတီနက်ဇ်နှင့် အလဲအထပ်ပြုလုပ်ရန် ဘာစီလိုနာ စီစဉ်

ဧပြီ  ၁

ဘာစီလိုနာအသင်းသည် အေတီကိုအသင်းမှ တစ်ရာသီ အငှားစာချုပ်ဖြင့် ခေါ်ယူထား သည့် တိုက်စစ်မှူး ဂျာအိုဖီးလစ် ကို ပြောင်းရွှေ့ကြေး မြင့်မား သည့်အတွက် ဘဏ္ဍာရေး အခက်အခဲရှိနေသောကြောင့် ခံစစ်ကစားသမား အင်နီဂို မာတီနက်ဇ်နှင့် အလဲအထပ် ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ဘာစီလိုနာအသင်း ဥက္ကဋ္ဌ လာပေါ်တာက ဂျာအိုဖီးလစ်ကို အပြီးသတ် ခေါ်ယူလိုသော် လည်း အသင်းအနေဖြင့် ဘဏ္ဍာ ရေးအကျပ်အတည်း ဖြစ်ပေါ်နေ ချိန်တွင် အေတီကိုအသင်းက တောင်းဆိုထားသည့် ပြောင်း ရွှေ့ကြေး ယူရို သန်း ၈၀ ဝန်းကျင်းကို ပေးချေရန် အခက်အခဲရှိနေသဖြင့် ခံစစ် ကစားသမား အင်နီဂို မာတီ နက်ဇ်နှင့် အလဲအထပ်ပြုလုပ် ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ခံစစ်ကစားသမား မာတီ နက်ဇ်သည် ယခုနှစ် ဘောလုံး ရာသီတွင် ဘာစီလိုနာအသင်း သို့ ရောက်ရှိခဲ့ပြီးနောက် ဒဏ်ရာ မကြာခဏ ကြုံတွေ့ခဲ့ သော်လည်း ပြိုင်ပွဲစုံ ၁၈ ပွဲ ပါဝင်ကစားခွင့်ရခဲ့ကာ ခြေစွမ်း ပြသနိုင်ခဲ့သဖြင့် အေတီကို အသင်းကလည်း ၎င်းကို ခေါ်ယူရန် စောင့်ကြည့်လျက်ရှိ သည်။

အေတီကို အသင်းသည် မာတီနက်ဇ်၏ ကစားပုံကို စောင့်ကြည့်နေသောကြောင့် ဘာစီလိုနာ အသင်း၏ ကမ်းလှမ်းမှုကို တုံ့ပြန်ခြင်းမရှိ သေးဘဲ ဘောလုံးရာသီ ကုန်ဆုံး ချိန်မှသာ ဆုံးဖြတ်သွားမည် ဖြစ်သော်လည်း ဂျာအိုဖီးလစ်ကို ကစားသမား အလဲအထပ် ပြုလုပ်ပါက ကစားသမားတစ်ဦး အပြင် ပြောင်းရွှေ့ကြေး အနည်း ငယ်ကိုလည်း အလိုရှိနေ ကြောင်း သိရသည်။       





 သူရိန်






အခြားဆက်စပ်သတင်းများ