နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လုံခြုံရေးဥပဒေသစ်ကို ချိုးဖောက်ပါက ဟောင်ကောင်ဒေသခံများ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရနိုင်

ဟောင်ကောင်၊ ဇူလိုင် ၁


ဟောင်ကောင်မြို့တွင် နေထိုင်သူများအနေဖြင့် တရုတ်အစိုးရက အတည်ပြုပြဋ္ဌာန်းလိုက်သည့် အငြင်းပွားဖွယ် လုံခြုံရေးဥပဒေသစ်ကို ချိုးဖောက်ပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရဖွယ် ရှိနေသည်။ ပြီးခဲ့သည့်အင်္ဂါနေ့တွင် အဆိုပါဥပဒေ စတင်အကျုံးဝင်ပြီး နာရီအတော်ကြာမှ အသေးစိတ် အချက်အလက်များ ထွက်ပေါ်လာခဲ့သည်။ 

ဟောင်ကောင်မြို့တွင် ဆူပူအုံကြွမှုနှင့် ဒီမိုကရေစီလိုလားသည့် လှုပ်ရှားမှုများ မြင့်တက်လာခဲ့ပြီးနောက် တရုတ်အစိုးရက လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။ အဆိုပါဥပဒေသစ်မှာ ဆန္ဒပြမှုများကို တားဆီးဟန့်တားပြီး  ဟောင်ကောင်မြို့၏ လွတ်လပ်ခွင့်များကို ထိခိုက်စေလိမ့်မည်ဟု ဝေဖန်သူများက ပြောသည်။ ၁၉၉၇ ခုနှစ်တွင် ဗြိတိန်နိုင်ငံက အထူးသဘောတူညီချက် ရယူပြီး ဟောင်ကောင်မြို့ကို တရုတ်နိုင်ငံ ထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။


အဆိုပါသဘောတူညီချက်အရ ဟောင်ကောင်မြို့တွင် နေထိုင်သူများမှာ တရုတ်ပြည်မကြီးတွင်မရသည့် လွတ်လပ်ခွင့်များ ရရှိခဲ့သည်။ ဟောင်ကောင်ခေါင်းဆောင် ကာရီလမ်က လုံခြုံရေးဥပဒေသစ်ကို ကာကွယ်သွား ခဲ့ပြီး  အဆိုပါဥပဒေမှာ အမျိုးသားလုံခြုံရေး ဟာကွက်ကို ဖြည့်ဆည်းပေးနိုင်မည်ဟု ဆိုသည်။ လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းမှုအတွက် စိုးရိမ်ပူပန်ပြီး ဒေါသထွက်မိကြောင်း ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် နေတိုးအဖွဲ့က ပြောသည်။ 

လုံခြုံရေးဥပဒေသစ် အကျုံးဝင်လာပြီးနောက်တွင် အဆိုပါဥပဒေအရ အရေးယူခံရမည်ကို စိုးရိမ်သည့် အတွက် ဟောင်ကောင်မြို့၏ ဒီမိုကရေစီလိုလားသည့်အဖွဲ့များက ယင်းတို့အဖွဲ့များကို စတင်ဖျက်သိမ်းလျက် ရှိသည်။ လုံခြုံရေးဥပဒေသစ်အရ တော်လှန်ပုန်ကန်မှု၊ အစိုးရကို ဖြုတ်ချရန် လှုံ့ဆော်မှု၊ အကြမ်းဖက်မှု၊ ပြည်ပတပ်ဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်မှုများကို အနိမ့်ဆုံးထောင်ဒဏ် ၃ နှစ်မှ အမြင့်ဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည်။                       

KNT






အခြားဆက်စပ်သတင်းများ