နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသိတရားဖြင့် ဆင်ခြင်ထိန်းသိမ်း စောင့်စည်းကြရမည်

ကျွန်ုပ်တို့ နေ့စဉ်သွားလာ၊ စားသောက်လုပ်ကိုင်လျက်ရှိကြ သည်မှာ မည်သို့ သွားလာရမည်၊ နေထိုင်ရမည်၊ လုပ်ကိုင်ရမည် ဆိုသည်ကို အသိတရားဖြင့် ဆင်ခြင်ထိန်းသိမ်း စောင့်စည်းကြရ သည်။ 

လူ့ကျန်းမာရေးတွင် အဓိကလိုအပ်သည့် ကံ၊ စိတ်၊ ဥတု၊ အာဟာရသည် ကျန်းမာရေးအပေါ် များစွာမူတည်နေသည်။ အသက်ရှင်နေထိုင်နိုင်ရေးအတွက် အာဟာရကို နေ့စဉ်လူတိုင်း မှီဝဲ နေရသည်။ သို့သော် ငွေကြေးမတတ်နိုင်သည့်အခါ အပြည့်အဝ မှီဝဲ နိုင်ကြမည် မဟုတ်ပေ။

ယနေ့လူတို့သည် မိမိအလုပ်ကို အချိန်အကန့်အသတ်မရှိ အားသွန်ခွန်စိုက် လုပ်ကိုင်နေကြသူ များပါသည်။ ယခင်နှင့်မတူ ကြိုးစားဆောင်ရွက်ရမည့် အခြေအနေများလည်း ဖြစ်သည်။ အလုပ်ကို မနားမနေကြိုးပမ်းဆောင်ရွက်သူသည် ကောင်းမွန်သော် လည်း ကျန်းမာရေးအတွက် ငဲ့ကွက်ရမည်မှာ အမှန်ဖြစ်သည်။ ကျန်းမာမှသာ မိမိအလုပ်ကို ရှည်ကြာစွာ လုပ်ကိုင်နိုင်မည်ဖြစ်သည်။

ယခုအချိန်ကာလသည် ပူပြင်းခြောက်သွေ့သော နွေရာသီ ကာလ ဖြစ်သည်။ မြန်မာနိုင်ငံတွင် မတ်၊ ဧပြီ၊ မေလများသည် ပူပြင်းသော ဒဏ်ကို ကြုံတွေ့ကြရသည်။ ပြည်သူများအနေဖြင့် အပူ လျှပ်ခြင်းအန္တရာယ်ကို သတိပြုဆင်ခြင် သိရှိထားရမည်ဖြစ်သည်။

ဧပြီလအတွင်း နေ့အပူချိန်အနေဖြင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ ပျမ်းမျှ အပူချိန်၏ ၁ ဒသမ ၅ ဒီဂရီ ဆယ်ဆီယပ်နှင့် အထက် ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဧပြီလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ရာသီဥတုပူပြင်းမှုနှင့်အတူ သောက်သုံးရေပြတ်လပ်မှုများအား ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှတစ်ဆင့် သက်ဆိုင်ရာကျေးရွာ အသီးသီးသို့ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ ဖြန့်ဝေထားရာ သောက်သုံးရေရှားပါးမှု ဖြစ်ပေါ်ပါက ဆက်သွယ်ရေးနည်းလမ်း မျိုးစုံဖြင့် ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။ 

သို့ဖြစ်ရာ အပူဒဏ်အန္တရာယ်မှ ကာကွယ်ရေးအတွက် နေ့လယ်ပိုင်းတွင် အပြင်ထွက်မည်ဆိုပါက အပူဒဏ်ကာကွယ်မည့် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တို့ကိုအသုံးပြု၍ အပူဒဏ်အန္တရာယ် ကို သတိပြုကာကွယ်စေချင်ကြောင်း။       






အခြားဆက်စပ်သတင်းများ