နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အခြေခံဥပဒေပြင်ဆင်ရေးအတွက် မျိုးချစ်စိတ်အပြည့်ဖြင့် မဲပေးကြရန် ရုရှားသမ္မတ ပူတင် တိုက်တွန်း

မော်စကို၊ ဇူလိုင် ၁


ရုရှားနိုင်ငံတွင် အခြေခံဥပဒေပြင်ဆင်ရေးအတွက် မဲပေးမှုများ ပြုလုပ်လျက်ရှိရာ ရုရှားသမ္မတ ပူတင်က မျိုးချစ်စိတ်အပြည့်ဖြင့် မဲပေးကြရန် တိုက်တွန်းခဲ့သည်။ ရုရှားနိုင်ငံတွင် မဲပေးသူများကို ဈေးဝယ်ခွင့် ဘောက်ချာ များ၊ ကားနှင့် တိုက်ခန်း စသည့် ဆုမဲများ မဲဖောက်ပေးမည်ဟု မက်လုံးပေးခဲ့ရာ ရုရှားနိုင်ငံသားသန်းပေါင်းများစွာက မဲပေးလျက်ရှိသည်။  သို့သော် မဲပေးမှုများ ၇ ရက်ကြာမြင့်သည့်အထိ ဂရုတစိုက် စောင့်ကြည့်မှု၊ လွတ်လပ်သည့် စောင့်ကြည့် စစ်ဆေးမှုများ မရှိခဲ့ကြောင်း၊ အဆိုပါလုပ်ငန်းစဉ်တစ်ရပ်လုံးမှာ မျှတမှုမရှိကြောင်း အတိုက်အခံ နိုင်ငံရေး သမားများက မှတ်ချက်ပေးခဲ့သည်။ သို့သော် အခြေခံဥပဒေပြင်ဆင်နိုင်ရေးမှာ အရေးကြီးသည်ဟု ကရင်မလင် နန်းတော်က ဆိုသည်။ 


အခြေခံဥပဒေပြင်ဆင်နိုင်ရေး မဲပေးပွဲတွင် အနိုင်ရပါက သမ္မတ ပူတင်အနေဖြင့် ၂၀၃၆ ခုနှစ်အထိ သမ္မတရာထူးတွင် ဆက်ရှိနေရန် လမ်းပွင့်သွားမည်ဟု ဆိုသည်။ '' ကျွန်တော်တို့က ကျွန်တော်တို့ နေချင်တဲ့ နိုင်ငံဖြစ်လာအောင် မဲပေးနေကြတာပါ။ ကျွန်တော်တို့ သားသမီးတွေကို လက်ဆင့်ကမ်းပေးချင်မယ့် နိုင်ငံမျိုးပေါ့''ဟု ပူတင်က မိန့်ခွန်းပြောခဲ့သည်။  အခြေခံဥပဒေကို ပြင်ဆင်ရာတွင် မျိုးချစ်စိတ်ထက်သန်စေမယ့် သင်ရိုးများ ထည့်သွင်းသင်ကြားရေး၊ လိင်တူလက်ထပ်မှုကို ပိတ်ပင်ကြောင်း အတည်ပြုရေး၊ ဘုရားသခင်ဆိုသည့် အသုံးအနှုန်းကို အတိအလင်း သတ်မှတ်ဖော်ပြခြင်းစသည့် ကွန်ဆာဗေးတစ်စည်းမျဉ်းများ တိုးမြှင့်ချမှတ်နိုင်စေမည့်ပုဒ်မများ ပါဝင်သည်။                                                                                                           

KNT






အခြားဆက်စပ်သတင်းများ