နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံတွင် တစ်ရက်လျှင် Covid-19 အတည်ပြုလူနာ တွေ့ရှိမှု ၁၀၀၀၀၀ အထိ ဖြစ်လာနိုင်ဟု ဆို

ဝါရှင်တန်၊ ဇူလိုင် ၁


အမေရိကန်နိုင်ငံတွင် တစ်ရက်လျှင် COVID-19 အတည်ပြုလူနာသစ် ၁၀၀၀၀၀ အထိ တွေ့ရှိလာပါကလည်း အံ့အားသင့်စရာမရှိကြောင်း ကူးစက်ရောဂါသိပ္ပံဌာန ဒါရိုက်တာ ဒေါက်တာအန်သိုနီဖော်စီက ပြောသည်။ အမေရိကန်နိုင်ငံသားများက နှာခေါင်းစည်းတပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရေးစသည့် စည်းမျဉ်း များကို လုပ်သင့်သလောက် လုပ်ဆောင်ခြင်းမရှိဟု ယင်းက ဆိုသည်။ အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် လူနာသစ်များအနက် တစ်ဝက်နီးပါးမှာ ဖလော်ရီဒါ၊ အရီဇိုးနား၊ တက္ကဆက်၊ ကယ်လီဖိုးနီးယား စသည့် ပြည်နယ် ၄ ခုမှ ဖြစ်သည်ဟု အန်သိုနီဖော်စီက အထက်လွှတ်တော်သို့ တင်ပြခဲ့သည်။

''လတ်တလောမှာ ကျွန်တော်တို့ မထိန်းချုပ်နိုင်သေးတာ ထင်ရှားပါတယ်။ အတိအကျ မပြောနိုင်ပေမဲ့ စိတ်မသက်မသာ ဖြစ်ရမှာ သေချာပါတယ်။ နိုင်ငံရဲ့ ဒေသတစ်ခုမှာ ကူးစက်မှုဖြစ်ပွားတဲ့အခါ တခြားဒေသက ကူးစက်မခံရအောင် ကောင်းကောင်းလုပ်ဆောင်ပေမဲ့ အထိနာစမြဲပါပဲ''ဟု အန်သိုနီဖော်စီက ဆိုသည်။ ပြီးခဲ့သည့် အင်္ဂါနေ့က အမေရိကန်နိုင်ငံတွင် အတည်ပြုလူနာသစ် ၄၀၀၀၀ ကျော် ရှိခဲ့သည်။ ယင်းကဲ့သို့ တွေ့ရှိမှုမှာ ပြီးခဲ့သည့် ငါးရက်အတွင်း တစ်ရက်တာ ကူးစက်ခံရသူသစ် ၄၀၀၀၀ ကျော်ရှိသည့် ၄ ကြိမ်မြောက်ဖြစ်သည်။ အမေရိကန်အနောက်ပိုင်းနှင့် တောင်ပိုင်းပြည်နယ်များတွင် ကူးစက်ခံရမှုများ မြင့်တက်နေပြီး အနည်းဆုံး ပြည်နယ် ၁၆ ခုက ပြည်လည်ဖွင့်လှစ်မည့် အစီအစဉ်များကို ရပ်ဆိုင်းခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်းများ လုပ်ခဲ့သည်။ 


ကယ်လီဖိုးနီးယား၊ ဂျော်ဂျီယာ၊ အိုင်အိုဝါ၊ အိုင်ဒါဟို၊ လူဝီစီယားနား၊ မစ္စစ္စပီ၊ နီဗားဒါး၊ တင်နက်ဆီ၊ အလာဘားမား၊ အာကန်းဆက်၊ အရီဇိုးနား၊ ဖလော်ရီဒါ၊ မြောက်ပိုင်းကာရိုလိုင်းနား၊ တောင်ပိုင်းကာရိုလိုင်းနား၊ တက္ကဆက်၊ ယူတား စသည့် ပြည်နယ် ၁၆ ခုကို သွားရောက်ခဲ့သူများအနေဖြင့် ၁၄ ရက်ကြာ အသွားအလာကန့်သတ်မှု ခံယူရမည်ဟု ပြီးခဲ့သည့်အင်္ဂါနေ့တွင် နယူးယော့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူးကွာမိုက ပြောသည်။ အဆိုပါအမိန့်အရ အသွားအလာကန့်သတ်မှု ခံယူရမယ့်သူအရေအတွက်မှာ အမေရိကန်နိုင်ငံတွင် နေထိုင်သူစုစုပေါင်း၏ တစ်ဝက်နီးပါး (၄၈ ရာခိုင်နှုန်း)ရှိကြောင်း USA Today ၏ လေ့လာမှုတွင် ဖော်ပြထားသည်။                                                                                                 

  KNT






အခြားဆက်စပ်သတင်းများ