နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိသော ရောင်းချသူ၊ ဝယ်ယူသူနှင့် အကျိုးဆောင်ပွဲစားများကို ကုန်စည်ဒိုင်အတွင်း ဝင်ရောက်ရောင်းဝယ်ခွင့် ၆ လကြာ ဆိုင်းငံ့ဆောင်ရွက်သွားမည်

ရန်ကုန်၊ ဇူလိုင် ၁

 

ကုန်စည်ဒိုင်အတွင်း ပဲမျိုးစုံရောင်းဝယ်ရာတွင် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိသော ရောင်းချသူ၊ ဝယ်ယူသူနှင့် အကျိုးဆောင်ပွဲစားများကို  ကုန်စည်ဒိုင်အတွင်းဝင်ရောက်ရောင်းဝယ်ခွင့်                       ၆ လကြာ ဆိုင်းငံ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၏ ဇွန် ၂၉ ရက်နေ့ထုတ်ပြန်သတင်းများအရ သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအနေဖြင့် ပဲဈေးကွက် တည်ငြိမ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရေး၊ ပဲမျိုးစုံရောင်းဝယ်ဆောင်ရွက်ရာတွင်အခက်အခဲနှင့် ပြဿနာ များမဖြစ်ပေါ်စေရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၂၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းတွင် ပဲဈေးကွက်တည်ငြိမ်မှန်ကန်ရေး အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအစည်းအဝေးတွင် လက်ရှိမှတ်ပုံတင်ထားသော လက်ငင်းအရောင်းအဝယ်စာချုပ်များအားလုံးအား ၂၀၂၀ ပြည့်နှစ်၊ သြဂုတ် ၃၁ ရက် နောက်ဆုံးထား၍ စာရင်းရှင်းလင်းရန်၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၂၉ ရက်မှစ၍ အသစ်မှတ်ပုံတင်မည့် လက်ငင်းအရောင်းအဝယ်စာချုပ်များအားလုံးအား စာချုပ်ပါစည်းကမ်း အချက်အလက်များအတိုင်း တစ်လပြည့်မြောက်သည့်အခါ ပဲပေးအပ်ခြင်း၊ ငွေပေးချေခြင်းပြုလုပ်၍ စာရင်း ရှင်းလင်းရန်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက် ရက်စွဲပါကြေညာချက်အရ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်ရာတွင် ကုန်ပစ္စည်းတည်နေရာကိုဖော်ပြပြီး ရောင်းချသူနှင့် ဝယ်ယူသူနှစ်ဦးသည် ပဲလက်ရောက်ပေးအပ်ခြင်းနှင့်ပဲဖိုးငွေပေးချေခြင်းကို တတိယသူတစ်ဦးမပါဝင်သော တိုက်ရိုက်ပဲပေးအပ်ခြင်း၊ ငွေပေးချေခြင်းပြုလုပ်ရန်ဆွေနွေး ဆုံးဖြတ်ခဲ့ကြသည်။

ထို့ကြောင့်၂၀၂၀ ပြည့်နှစ်၊ ဇွန် ၂၉ ရက်က အဆိုပါစည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိသော ရောင်းချသူ၊ ဝယ်ယူသူနှင့် အကျိုးဆောင်ပွဲစားများကို ကုန်စည်ဒိုင်အတွင်း ဝင်ရောက်ရောင်းဝယ်ခွင့် ၆ လကြာ ဆိုင်းငံ့မည်ဖြစ်ကြောင်း အသိပေးကြေညာချက်ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

 ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ