နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိမ်းလန်းကြည်လင်သော မြို့တော်ရန်ကုန်

မြန်မာနိုင်ငံ၌  ခရီးသွားစရာနေရာများ ပေါများလှသည်။ လေ့လာလည်ပတ်စရာနေရာများ၊ အပန်းဖြေအနားယူစရာနေရာ များ ပေါများလှသည်။ ပွင့်လင်းရာသီတွင် ပြည်ပခရီးသွားများ သာမက  ပြည်တွင်းခရီးသွားများလည်း ပိုမိုလည်ပတ်သွားလာကြ သည်။

 ပြည်ပခရီးသွားများအတွက် မြန်မာတို့၏ လူနေမှုဘဝ ထုံးစံများ အံ့ချီးမကုန်သော ရှေးဟောင်းဗိသုကာအဆောက်အအုံများနှင့် သာယာလှပသော မြန်မာ့ရှုခင်းများကို ဦးစားပေး လေ့လာကြသည်။ 

ရန်ကုန်မြို့တော်ကြီးတွင် ရှေးဟောင်းယဉ်ကျေးမှုလက်ရာ အဆောက်အအုံများ၊ ဟောင်းနွမ်းအဆောက်အအုံများ၊ သန့်ရှင်း သပ်ရပ်ရေးလိုအပ်သည်။ ရန်ကုန်မြို့တော်အတွင်း လမ်းများ သန့်ရှင်းသပ်ရပ်ပြီး အမှိုက်များစနစ်တကျစွန့်ပစ်ရေး၊ ယာဉ်များ စည်းကမ်းတကျသွားလာရပ်တံ့နိုင်ရေးကို သက်ဆိုင်ရာများက   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။ ရန်ကုန်မြို့သည် မိမိနိုင်ငံတွင် စီးပွားအချက်အချာမြို့ဖြစ်သည့်အပြင် နိုင်ငံတကာ ဧည့်သည်များ ဝင်ထွက်သွားလာရာမြို့လည်းဖြစ်သည်။

 မြို့တော်ကြီးအား သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ပြီး သန့်ရှင်းသာယာသပ်ရပ်ရေးမှ သည် တင့်တယ်လှပသည့် မြို့တော်ကြီးအဖြစ် တည်ဆောက်သွား မည်ဖြစ်သည့်အတွက်ကြောင့် ကော်မတီရှိဌာနများအနေဖြင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ မြို့တော်အတွင်းရှိ စာသင်ကျောင်းများ၊ ကျန်းမာရေးနှင့်ညီညွတ်စေရန် စနေနေ့တိုင်းစုပေါင်းလုပ်အားပေး ဆက်လက်ဆောင်ရွက်သွားရေးကို   ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ကော်မတီဝင်နှင့်ဌာနမှူးများလုပ်ငန်း ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁၁/၂၀၂၄) ကို မတ် ၂၉ ရက် နံနက် ၇ နာရီက ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ် အတွင်းရှိ ကွပ်ကဲရေးရုံး၌ကျင်းပ  စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးက ထည့်သွင်းပြောကြားခဲ့သည်။

 ရန်ကုန်မြို့ကြီး သန့်ရှင်းသပ်ရပ်လှပရေး၊ မြို့တော်နေပြည်သူ များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သာယာစိမ်းလန်းကြည် လင်သော မြို့တော်ဖြစ်စေရေးအတွက် အထောက်အကူပြုမည်ဖြစ် သည်။ သာယာစိမ်းလန်းကြည်လင်သော မြို့တော်ရန်ကုန်တွင် စိတ်အေးကြည်လင်စွာ ခရီးသွားဧည့်သည်များ ရန်ကုန်မြို့၏ ရှုခင်းအလှကို လေ့လာနိုင်ကြမည်ဟု ဆိုချင်ပါကြောင်း။    






အခြားဆက်စပ်သတင်းများ