နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာ သန်း ၂၀၀ ထုတ်ချေးရန် အတည်ပြု

ရန်ကုန်၊ ဇူလိုင် ၁ 


မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်းအား အကောင်အထည်ဖော်                ရန် ကမ္ဘာ့ဘဏ်၏ အမှုဆောင်ဒါရိုက်တာဘုတ်အဖွဲ့က  အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး  အသင်း(International Development Association (IDA)) မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ကို အတည်ပြုလိုက်သည်။ မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍရှိ တောင်သူလယ်သမားများ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ တိုးမြှင့်ရေးနှင့် သီးနှံအမျိုးအစား ကွဲပြားစုံလင်စွာ စိုက်ပျိုးနိုင်ရေး၊ ဈေးကွက်ချိတ်ဆက်နိုင်မှု ကောင်းမွန်စေရေးတို့အတွက် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ဆောင်မည် ဖြစ်သည်။


ယခု စီမံကိန်းသည် စားနပ်ရိက္ခာဘေးကင်းလုံခြုံရေး ထိပါးနိုင်သည့်အန္တရာယ်များအား အသိပညာပေးနိုင် ရန်  ဒီဂျစ်တယ်နည်းပညာအသုံးပြု စိုက်ပျိုးမွေးမြူရေး ပညာပေးလုပ်ငန်းများ  တိုးချဲ့ဖော်ထုတ် ဆောင်ရွက်နိုင်ရန်၊  ဒီဂျစ်တယ်နည်းပညာအခြေပြု စိုက်ပျိုးမွေးမြူရေးနည်းပညာ အားကောင်းစေရန်၊ စိုက်ပျိုး မွေးမြူရေးကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရာနှင့် ငွေပေးငွေယူကိစ္စရပ်များ ဆောင်ရွက်ရာတွင် အွန်လိုင်းအသုံးပြုကာ ဆောင်ရွက်နိုင်မည့် နည်းလမ်းများအား ဖော်ထုတ်မြှင့်တင်သွားနိုင်ရန်၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန် အမျိုးအစားကွဲပြားစုံလင်စေခြင်း၊ စိုက်ပျိုးမွေးမြူရေး သုတေသနနှင့် ဖွံ့ဖြိုးရေးစနစ်များ တိုးမြှင့် စေခြင်းဖြင့် လယ်သမားများအား ဈေးကွက်ချိတ်ဆက်နိုင်စေရန် စသည့်တို့တွင် အဓိက ကူညီပေးသွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါစီမံကိန်းတွင် မြေယာအနည်းငယ်သာ ပိုင်ဆိုင်လုပ်ကိုင်နိုင်သည့် လယ်သမားများ၊ အမျိုးသမီးများနှင့် အခြားသော အားနည်းသည့် အုပ်စုများအားလုံး ပါဝင်နိုင်ရေးကို အထူးအလေးပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်း စီမံကိန်း၏ အကျိုးခံစားရသူအရေအတွက်မှာ ၅၆၀ဝ၀ဝ ခန့်ရှိမည်ဟု မျှော်မှန်းထားကာ ယင်းတို့အနက် အမျိုးသမီး ၂၂၀ဝ၀ဝ ခန့် ပါဝင်မည် ဖြစ်ကြောင်းသိရသည်။                                         


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ