နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေယာဉ်ပြေးလမ်း ခံနိုင်ရည် ပေါင် ၅၀၀၀၀ ရှိသော ဆူရ်ဘုန်လေယာဉ်ကွင်း၌ လေယာဉ်ခရီးစဉ်များ စတင်စမ်းသပ်ပြေးဆွဲ

ဖလမ်း၊ ဇူလိုင် ၁ 


ချင်းပြည်နယ်တွင် ပထမဆုံးတည်ဆောက်သည့် ဖလမ်းမြို့အနီးရှိ ဆူရ်ဘုန်လေယာဉ်ကွင်း ၉၅ ရာခိုင်နှုန်း ပြီးစီးသောကြောင့် ဇွန် ၂၅ ရက်တွင် စတင် စမ်းသပ်ပြေးဆွဲကြောင်း ချင်းပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဆူရ်ဘုန်လေယာဉ်ကွင်းကို ၂၀၁၅ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ချင်းပြည်နယ်တွင် ပထမဆုံး တည်ဆောက်ပြီးစီးသည့် လေယာဉ်ကွင်းဖြစ်သည်။

"ချင်းပြည်နယ်၊ ဖလမ်းမြို့၊  ဆူရ်ဘုန်လေယာဉ်ကွင်းမှာ ဆင်းသက်မယ့်လေယာဉ် Cessna အမျိုးအစား လေယာဉ်ကို ချင်းအမျိုးသား လေယာဉ်မူး ဗိုလ်ကြီးခုပ်ခမ်မုန် ဦးဆောင်ပြီး အဖွဲ့ဝင်သုံးဦး လေယာဉ်အဖွဲ့သားများ လိုက်ပါပြီး  ကလေးမြို့လေယာဉ်ကွင်းမှ  ဖလမ်းမြို့လေယာဉ်ကွင်းကို မောင်းနှင်ဆင်းသက်မှာ ဖြစ်ပါတယ်။ လေယာဉ်ဆင်းသက်မှုကို ချင်းပြည်နယ်အစိုးရ တာဝန်ရှိသူတွေလည်း လာရောက်ကြည့်ရှုပါတယ်" ဟု တာဝန် ရှိသူ တစ်ဦးက ပြောသည်။


ချင်းပြည်နယ် ဖလမ်း- ဆူရ်ဘုန်လေယာဉ်ကွင်းကို နိုင်ငံတော်မှ ငွေကျပ် ဘီလီယံ ၁၄၀ အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပြေးလမ်း အလျားပေ ၆၀ဝ၀၊ အကျယ်ပေ ၁၀ဝ ရှိပြီး ခရီးသည် ၇၀ ကျော် လိုက်ပါနိုင်သည့် (ATR-72) လေယာဉ်များပါ အဆင်းအတက်ပြုလုပ် ရပ်နားနိုင်မည်ဖြစ်ကြောင်း သိရသည်။ လေယာဉ်ပြေးလမ်း ခံနိုင်ရည်မှာ ပေါင် ၅၀ဝ၀ဝ ဖြစ်ပြီး (Y-8) လေယာဉ်ကြီးများ ဆင်းသက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆူရ်ဘုန်လေယာဉ်ကွင်းမှာ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့တွင် တည်ဆောက်သည့် ချင်းပြည်နယ်၏ ပထမဆုံးလေယာဉ်ကွင်းဖြစ်ပြီး  ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့တွင်လည်း ချင်းပြည်နယ်၏ ဒုတိယလေယာဉ်ကွင်းကို တည်ဆောက်လျက်ရှိရာ ယခုအခါ ရာခိုင်နှုန်း ၆၀ အထိ ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။


အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ