နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ကိုဗစ် - ၁၉ Medical Center (ဖောင်ကြီး )လွဲပြောင်းပေးအပ်

ရန်ကုန် ၊ ဇွန် ၊ ၃၀ 


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ရန်ကုန်မြို့တော်၀န် ဦးမောင်မောင်စိုးနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းရုံး ၊ အစည်းအဝေးခန်းမ၌ ဇွန်လ ၃၀ ရက်

 မွန်းလွဲ ၁ နာရီ ကပြုလုပ်သည့်မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် မှအောင်မြင်စွာတည်ဆောက်ပြီးစီးခဲ့သည့်   COVID -19 Medical Center Phaunggyi အား ရန်ကုန်

တိုင်းဒေသကြီး အစိုးရအဖွဲ့ထံလွဲပြောင်းပေးအပ်လှူဒါန်းခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ကြသည်၊၊


ရှေးဦးစွာ၀န်ကြီးချုပ်မှအမှာစကား‌ပြောကြားခဲ့

ပြီးရန်ကုန်တိုင်းဒေကြီးအစိုးရအဖွဲ့

မြို့တော်၀န် ဦးမောင်မောင်စိုးမှဆွေးနွေးလမ်းညွှန်

အမှာစကား‌ပြောကြားခဲ့သည်၊၊ဆက်လက်၍အ

သင်းချုပ်ဥက္ကဌ ဦးရှိန်၀င်းမှနှုတ်ခွန်းဆက်စကား

‌ပြောကြားကာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌဦးရှိန်ဝင်းမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့‌ကြောင်းသိရသည်၊၊ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်အားဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီးအသင်းချုပ် ဥက္ကဌဦးရှိန်ဝင်းမှရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား အမှတ်တရလက်ဆောင်များပြန်လည်ပေးအပ်ခဲ့ကြသည်။


ယင်းနောက် ဝန်းကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဗိုလ်တထောင်မြို့နယ် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းရုံးအစည်းအဝေး

သို့‌သွားရောက်၍ မြန်မာနိုင်ငံလိုင်စင်‌ရကန်ထရိုက်တာများအသင်းချုပ်တာ၀န်ရှိသူများနှင့်‌တွေ့

ဆုံခဲ့သည်၊၊


ထို့နောက် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းရုံး ဥက္ကဌ ဦးကျော်၀င်းနှင့်တာ၀န်ရှိသူများ က လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများနှင့်ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ကြပြီး

ဝန်ကြီးချုပ်မှတင်ပြချက်များအပေါ် လုပ်ငန်းလမ်းညွှန်အမှာစကား‌ပြောကြားခဲ့သည်၊၊ယင်း‌ေနာက်ရန်ကုန်မြို့တော်၀န်ဦးမောင်မောင်စိုး မှ ဖြည့်စွက်ဆွေးနွေးခဲ့သည်၊၊

ထို့နောက်  မြန်မာနိုင်ငံလိုင်စင်‌ရကန်ထရိုက်တာများအသင်းချုပ်တာ၀န်ရှိသူများမှ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ရန်ကုန်မြို့တော်ဦးမောင်မောင်စိုးတို့အား လက်ဆောင်များပေးအပ်ခဲ့ကြကြောင်းသိရသည်။


ကျော်သူထက်






အခြားဆက်စပ်သတင်းများ