နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွမ်းလုံမြို့နယ်နှင့် မြစ်ကြီးနားမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ကွမ်းလုံ ဇွန် ၃၀


 ဇွန် ၂၉ ရက်၊ နေ့လယ် ၃ နာရီ ၃၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကွမ်းလုံမြို့နယ်၊ ဟိုလီကျေးရွာအုပ်စု၊ ဖာဆန်ကျေးရွာ၊ ကွမ်းလုံ-ကန်မိန်းသွားကားလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ရဲဇော်၊ ဝင်းခိုင်နှင့် နိုင်လင်းတို့ ၃ ဦးအားရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၀,၀၀၀ ပြား၊ မြန်မာငွေကျပ် ၁၅ သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိသဖြင့် ရဲဇော်(၃၁)နှစ်၊ ဝင်းခိုင်(၃၈)နှစ်၊ နိုင်လင်း(၃၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိသည်။  

             

ဇွန် ၂၈ ရက်၊ ည ၉ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်ရှိ စားသောက်ဆိုင်တွင်ထိုင်နေသည့် မအေးငွေ၊ မတင်နှင်းယု(ခ)မိထက်နှင့် ဌေးဝင်း တို့အား သတင်းအရဝင်ရောက်ရှာဖွေရာ ၎င်းတို့ ၃ ဦးထံမှ ဘိန်းဖြူ ၀ ဒသမ ၀၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၈၀ ပြားနှင့် မြန်မာငွေ ၁၃၅,၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိသဖြင့် မအေးငွေ(၄၁)နှစ်၊ မတင်နှင်းယု(ခ)မိထက်(၃၀)နှစ်၊ ဌေးဝင်း(၄၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ