နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့(မြေယာရှုခင်းနှင့်အားကစားကွင်းများ)မှ မလွတ်ကင်းသည့်အပင်များရှင်းလင်းခြင်းနှင့်စိမ်းလန်းစိုပြေရေးဆောင်ရွက်

ရန်ကုန် ဇွန် ၃၀


မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့(မြေယာရှုခင်းနှင့်အားကစားကွင်းများ)မှ ယနေ့တွင် ဗိုလ်တစ်ထောင်မြို့နယ် အနော်ရထာလမ်းနှင့်ဗိုလ်ချုပ်လမ်းတလျှောက်ပိတ်ဆို့နေသည့်အပင်ကိုင်းများရှင်းလင်းခြင်း၊ ရွှေပြည်သာမြို့နယ်(၁၁)ရပ်ကွက် မိုးဟိန်းလမ်း အမြစ်ကြွကုက္ကိုပင်ရှင်းလင်းခြင်း၊ စမ်းချောင်းမြို့နယ် ပန်းလှိုင် ၅ လမ်း ဗန်ဒါပင်ခြောက်ရှင်းလင်းခြင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် (၇)ရပ်ကွက် တပင်ရွှေထီးလမ်း အပင်ခြောက်ရှင်းလင်းခြင်း၊ မင်းရဲကျော်စွာလမ်းနှင့် ကျန်စစ်သားလမ်းဆုံ လမ်းတိုးချဲ့မလွတ်ကင်းအပင်ရှင်းလင်းခြင်း၊ ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်တစ်ထောင်ဘုရားလမ်းပေါ်အောက်တွဲကျနေသည့်ကိုင်းများရှင်းလင်းခြင်း၊ တာမွေမြို့နယ် အောင်မင်္ဂလာလမ်း ရေမြောင်းမလွတ်ကုက္ကိုပင်ရှင်းလင်းခြင်း၊ ဒေါပုံမြို့နယ် ၁၅ပေတံတားကပ်လျက်အလေ့ကျပေါက်အပင်များရှင်းလင်းခြင်း၊ သာကေတမြို့နယ် ရတနာလမ်း ပိတောက်ပင်အမြစ်ကြွပြိုလဲရှင်းလင်းခြင်း၊ ဒဂုံမြို့နယ် ပြည်လမ်း ဆေးတက္ကသိုလ်ဝန်ထမ်းအိမ်ရာဘေးပန်းမယ်ဇလီကိုင်းကျိုးပဲ့များရှင်းလင်းခြင်း၊ ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်း အပင်များအောက်တက်ရှင်းလင်းခြင်း၊ ရန်ကင်းမြို့နယ် ရန်အောင်ရပ်ကွက် သရက်နှင့်မန်ကျည်းပင်အမြစ်လန်ပြိုလဲရှင်းလင်းခြင်း၊ သာကေတမြို့နယ်(၇)အရှေ့ရပ်ကွက် အကောက်ခွန်အိမ်ရာဝင်းပန်းမယ်ဇလီပင်ပြိုလဲရှင်းလင်းခြင်း၊ အမက(၁၉)ရှေ့ ဗန်ဒါပင်ပြိုလဲရှင်းလင်းခြင်း၊ ဒလမြို့နယ် ရာဇသင်္ကြန်ရပ်ကွက် အုတ်လှငယ်လမ်း ကုက္ကိုပင်ခြောက်ပြိုလဲရှင်းလင်းခြင်း၊ ဗဟန်းမြို့နယ် အာဇာနည်ကုန်း ကွပ်ကဲရေးရုံးရှေ့ ရေမြောင်းရှင်းလင်းခြင်း၊ ဆရာစံရပ်ကွက် အေးရိပ်သာ(၁)လမ်း၊ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံလမ်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဗိုလ်ဗထူးလမ်း ယာဉ်မောင်းသင်ဝင်းတို့တွင်ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့နှင့်ပူးပေါင်း၍ဓါတ်အားလိုင်းမလွတ်ကင်းအပင်များရှင်းလင်းခြင်း၊ ဒလမြို့နယ် ရန်ကြီးအောင်ကစားကွင်း သစ်ပင်စိုက်ခြင်း၊ သင်္ဃန်းကျွန်းမြို့နယ် ကမာကြည်တံတားအဆင်းဝဲယာအရိပ်ရလေကာပင်များစိုက်ခြင်း၊ လှိုင်သာယာမြို့နယ် အောင်ဇေယျတြိဂံ ကြံ့စာပင်စိုက်ခြင်း၊ သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းလယ်ကျွန်း အရိပ်ရလေကာပင်စိုက်ခြင်း၊ ဗဟန်းမြို့နယ်တက္ကသိုလ်ရိပ်သာလမ်း အရိပ်ရပင်များဖြည့်စွက်စိုက်ခြင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမက(၁၈)ကျောင်းဝင်း အရိပ်ရလေကာပင်များစိုက်ခြင်း၊ မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းနှင့်အုတ်ပုံဆိပ်လမ်း လမ်းလယ်ကျွန်းမြက်ဖြတ်ပုံသွင်းခြင်း၊ ရန်ကင်းမြို့နယ်သစ္စာလမ်း ရေတမာပင်များပုံသွင်းဖြတ်ညှိခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။


သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ