နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဇွန် ၃၀


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီး ခြင်းဆောင်ရွက်ခဲ့ရာ ဇွန် ၂၉ ရက်၊ နံနက် ၅ နာရီအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် (၂၅)ရပ်ကွက်၊ ဇီဇဝါ(၄)လမ်းမပေါ်၌ စည်သူဝင်းထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၅ နာရီ ၄၀ မိနစ်အချိန်တွင် (၁၉)ရပ်ကွက်၊ သံသုမာ(၂)လမ်းမပေါ်၌ ကျော်ဝင်းထွဋ်ထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်း၊ ည ၇ နာရီခွဲအချိန်တွင် ရဲထက်နိုင်ထံမှ အရိုးအသွား(၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် အတွင်းပဒံကျေးရွာအတွင်း လမ်းမပေါ်၌ ရဲမင်းဦးထံမှ အရိုးအသွား(၆)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ 


ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နေ့လယ် ၃ နာရီခွဲအချိန်တွင် (၄၅)ရပ်ကွက်၊ စက်မှုလယ်ယာလမ်းမပေါ်၌ အောင်စိုးမြင့်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း ကိုလည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၅ နာရီခွဲအချိန်တွင် ညောင်ရမ်း လမ်းမပေါ်၌ ရဲထွန်းနောင်ထံမှ အရိုးအသွား(၂၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားရှည်တစ်ချောင်းကိုလည်းကောင်း၊

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ရွှေလင်ပန်း ကျေးရွာ၊ စကားဝါ(၂)လမ်းမပေါ်၌ ဇင်မင်းထွန်းထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း ကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီခွဲအချိန်တွင် ကုန်းတလပေါင်ကျေးရွာ၊  ရွှေစေတီလမ်းမပေါ်၌ အေးထွန်းထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊ သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူ ခဲ့ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ