နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မွေးမြူရေးထုတ်လုပ်ခြင်း တိုးတက်မြင့်မားလာရေး ကြိးပမ်းဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ် တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုး မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းအားမြှင့်တင်၍ နိုင်ငံ့ စီးပွားမြင့်မားရေးနှင့်ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ မြင့်မားရေး  ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟူသည့် အချက်ကိုချမှတ်ထားသည်။

 ပြည်တွင်းကုန်ထုတ်လုပ်မှုများကို မြှင့်တင်ဆောင်ရွက်ရာတွင် စိုက်ပျိုရေးနှင့်မွေးမြူရေးသည်  အဓိကအခန်းကဏ္ဍက ပါဝင်ပြီး အဆိုပါလုပ်ငန်းများကိုအခြေခံ၍ စက်မှုကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍ များတိုးတက်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

 ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) ကို မတ် ၂၅ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်မှာကြားရာတွင်  "‌မွေးမြူရေးနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လျော့နည်းကျ ဆင်းလာသည်ကို တွေ့ရသဖြင့် ပြန်လည်တိုးတက်အောင်ဆောင် ရွက်ရန်လိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတိုးတက် မှသာ စက်မှုလုပ်ငန်းများနှင့် MSME လုပ်ငန်းများတိုးတက်လာ မည်ဖြစ်ကြောင်း MSME လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရုံသာမကဘဲ ပြည်ပနိုင်ငံများသို့  တင်ပို့နိုင်သည့်အရည်အသွေးပြည့်မီသော အဆင့်မီထုတ်ကုန်များထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ကြရန် လိုကြောင်း ဝန်ကြီးဌာနများနှင့်တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီး ချုပ်များအနေဖြင့် မိမိတို့အား ပေးအပ်ထားသည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကြရန်လိုကြောင်း ပြီးခဲ့သည့်ဘဏ္ဍာနှစ် အတွင်း တွေ့ကြုံခဲ့ရသည့် အားနည်းချက်များကို သင်ခန်းစာဖော် ထုတ်၍ လာမည့်ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများပိုမိုတိုးတက်အောင် မြင်အောင်ဆောင်ရွက်ရန်လိုကြောင်း" ထည့်သွင်းပြောကြားခဲ့သည်။

မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွား မြှင်တင့်ရေး အရင်းမပျောက်မတည်ထောက်ပံ့ငွေဖြင့် မွေးမြူရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ စီမံကိန်းကို လျာထား ရန်ပုံငွေကျပ် ၃၂ ဘီလီယံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး နေပြည်တော်၊ တိုင်းဒေသကြီးခြောက်ခုနှင့်ပြည်နယ်လေးခုတို့တွင် ကနဦးခွင့်ပြုရန်ပုံငွေကျပ် ၂၀ ဘီလီယံဖြင့် အသားတိုးကြက်၊ ဥစား ဘဲ၊ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် လျက်ရှိသကဲ့သို့ နိုင်ငံ့စီးပွားမြှင်တင့်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ထောက်ပံ့ငွေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ကနဦးရင်းနှီးမြှုပ်နှံခြင်း နှင့် ထုတ်လုပ်မှုကုန်ကျစရိတ်မျှဝေပေးခြင်းဖြင့် နို့စားနွား၊ အသား တိုးနွား၊ ဥစားကြက်နှင့်သိုး၊   ဆိတ်မွေးမြူရေးလုပ်ငန်းများပိုမို တိုးတက်မွေးမြူလာစေရန်အတွက် လုပ်ငန်းစဉ်အဆင့်ဆင့်တိုင်းလုပ် ဆောင်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက သိရှိရသည်။

သို့ဖြစ်ရာ နိုင်ငံ၏အခြေခံအရင်းအမြစ်များကို ထိရောက်စွာ အသုံးချပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကိုအခြေခံသည့် ကုန်ထုတ် စွမ်းအားမြင့်မားတိုးတက်လာရေး ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာစေမည်ဖြစ်ပါကြောင်း။   






အခြားဆက်စပ်သတင်းများ