နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ-အိန္ဒိယနယ်စပ်တွင် ပိတ်မိနေသည့်ကွမ်းသီးများ ပျက်စီးမှုများရှိလာ၍ ကုန်သည်များ အခက်ကြုံ

ရိခေါဒါရ်   ဇွန်  ၃၀


မြန်မာ- အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် ချင်းပြည်နယ် ရိခေါဒါရ်မြို့နှင့် အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာကြားရှိ နယ်စပ်ဂိတ်ကို ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသည့်  COVID-19 ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကြောင့်ပိတ်ထားသည်မှာ ရက်ကြာမြင့်လာသည့်အတွက်  သိုလှောင်ထား သည့်ကွမ်းသီးများ ပိုးထိုးပျက်စီးခြင်းများရှိလာ၍ ရိခေါဒါရ်နယ်စပ်ကွမ်းသီးကုန်သည်များ အခက်ကြုံတွေ့ နေရကြောင်း သိရသည်။


COVID-19   ရောဂါဖြစ်ပွားပြီးနောက် မြန်မာ-အိန္ဒိယနယ်စပ် ဂိတ်ဖြစ်သည့် ရိခေါဒါရ်နယ်စပ်ဂိတ်ကို အိန္ဒိယနိုင်ငံဘက်က မတ်လမှ စတင်ပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ပိတ်ထားခြင်း ကြောင့် အိန္ဒိယနိုင်ငံသို့ နယ်စပ်မှ အဓိကတင်ပို့ကုန်စည်ဖြစ်သည့် ကွမ်းသီးအိတ်ပေါင်းသောင်းချီ၍ နယ်စပ်ရိခေါဒါရ်မြို့တွင် ပိတ်မိသွားခဲ့ကြောင်း၊ ပိတ်မိနေသည့် ကွမ်းသီးများပြားသဖြင့် ဂိုဒေါင်များတွင် မဆံ့ခြင်းကြောင့် အပြင်တွင် မိုးကာများဖြင့်အုပ်ထားခဲ့ရကြောင်း၊ အဆိုပါကွမ်းသီးများသည် သိုလှောင်မှုကြာလာသည်နှင့်အမျှ မိုးရွာပြီး ရေစိုခြင်းကြောင့် ကွမ်းသီးပိုးများထိုးကာပျက်စီးမှုများရှိလာကြောင်း  ရိခေါဒါရ်မြို့မှ ကွမ်းသီးကုန်သည်များက ပြောသည်။


COVID-19 ရောဂါဖြစ်ပွားသည့်ကာလအတွင်း လက်ရှိအချိန်အထိ ကွမ်းသီးတင်ပို့မှုရပ်ဆိုင်းထာသည် မှာ ရက်ပေါင်းများစွာ ကြာမြင့်သည့်အထိကွမ်းသီးများသောင်တင်နေဆဲဖြစ်ပြီး ရိခေါဒါရ်မြို့တွင် ကွမ်းသီး အိတ်ပေါင်းသောင်းချီ၍ အဆင်ပြေသလိုစုပုံသိုလှောင်နေရသဖြင့် ကွမ်းသီးကုန်သည်များ အခက်ကြုံနေရခြင်းဖြစ်ကြောင်း သိရသည်။                                                                                         


ကျော်ဆန်းမြင့်






အခြားဆက်စပ်သတင်းများ