နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေဒေသ ကင်းပုစွန်ဈေးကွက် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေသော်လည်း ဈေးကောင်းမရရှိသေး

 ဖျာပုံ   ဇွန်  ၃၀


မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းခြေဒေသ ကင်းပုစွန်ဈေးကွက် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေသော်လည်း ဈေးကောင်းမရရှိသေးကြောင်း ဖျာပုံမြို့နယ်၊ အရှေ့ဖျားကျေးရွာကင်းပုစွန်အဝယ်ဒိုင်လုပ်ငန်း ပိုင်ရှင်ဦးစံထွန်းနှင့် ကင်းပုစွန်ပိုက်လုပ်ငန်းပိုင်ရှင်များထံမှ သိရသည်။ ကင်းပုစွန်သည် ယခင်ကပြည်တွင်း စားသုံးသူမရှိသဖြင့် ပင်လယ်ရေလုပ်ငန်းများ၏စွန့်ပစ်လေလွင့်ပစ္စည်းများဖြစ်နေခဲ့သည်။ ကင်းပုစွန်များ ငါးဖမ်း ပိုက်ထဲပါလာလျှင်ပြန်လည်လွှင့်ပစ်ကြရသည်။ နောက်ပိုင်းတွင် ကင်းပုစွန်များကို ကြက်စာခြောက်ထဲ တွင် ရောထွေးရောင်းချခဲ့ကြသည်။ သက္ကရာဇ်နှစ်ထောင်ခန့်တွင် တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံများမှ ဝယ်ယူမှုပြု လာသဖြင့် ပြည်ပဈေးကွက်ဝင်ရေထွက်ကုန်ပစ္စည်းများဖြစ်လာကာ ဈေးကောင်းရရှိလာခဲ့ခြင်းဖြစ်သည်။  ကင်းပုစွန်များသည် ပင်လယ်ရေလုပ်ငန်းတစ်ခုတွင် တစ်ကြိမ်ငါးဖမ်းလျှင် လေးငါးကောင်ခန့်ဖမ်းယူရမိလေ့ ရှိသည်။ ကင်းပုစွန်များဈေးကောင်းလာသဖြင့် ကင်းပုစွန်များအများအပြားဖမ်းယူနိုင်သည့် ကင်းပုစွန်ပိုက်   လုပ်ငန်းများကိုတီထွင်လုပ်ကိုင်ဆောင်ရွက်လာခဲ့ကြသည်။ အဆိုပါလုပ်ငန်းများကို ပင်လယ်ကမ်းခြေဒေသ များတွင် ကင်းပိုက်လုပ်ငန်းဟုခေါ်ကြသည်။


ပင်လယ်ရေလုပ်ငန်းများမှ စွန့်ပစ်လေလွင့်ကင်းပုစွန်များ  မှာ     ပြည်ပဈေးကွက်ဝင်ကုန်ပစ္စည်းများဖြစ်လာသဖြင့်  ကင်းပုစွန်တစ်ကောင်လျှင်ငွေကျပ်တစ်သောင်းကျော် အထိဈေးနှုန်းရရှိလာခဲ့သည်။ COVID-19 ရောဂါမဖြစ်မီကာလတွင် ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်နှင့် လပွတ္တာ မြို့နယ်၊ ပြင်စလူမြို့နယ်ကမ်းခြေအဝယ်ဒိုင်များတွင် ကင်းပုစွန်အကောင်ကြီးတစ်ကောင်လျှင် ငွေကျပ် ၁၃၀ဝ၀ ကျပ်၊ ကင်းပုစွန်အလတ်တစ်ကောင်လျှင် ငွေ ၈၀ဝ၀ ကျပ်နှင့်ကင်းပုစွန်အသေးတစ်ကောင် လျှင် ငွေ  ၅၀ဝ၀ ကျပ်ဝန်းကျင်ပေါက်ဈေးရရှိခဲ့သည်။ ထို့နောက် COVID-19 ရောဂါဖြစ်ပွားလာသဖြင့် ကင်းပုစွန် ဈေးကွက်ပိတ်သိမ်းသွားခဲ့ပြီး ယခုဇွန်လဆန်းပိုင်းတွင် ဈေးကွက်ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ခဲ့ကြသည်။ ကင်းပုစွန်ဈေးကွက်ဈေးကွက် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေသော်လည်း ဈေးကောင်းမရရှိသေးကြောင်း သိရသည်။


ကိုသာစစ်






အခြားဆက်စပ်သတင်းများ