နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Suzuki အမှတ်တံဆိတ် Ciaz ကား ကျပ်သိန်း ၂၇၀ ဖြင့် ဝယ်ယူရရှိနိုင်ပြီ

 ရန်ကုန်   ဇွန်  ၃၀


 မြန်မာနိုင်ငံတွင် SKD စနစ်ဖြင့် ထုတ်လုပ်ထားသော မော်ဒယ်မြင့်ကားသစ်တစ်စီးဖြစ်သည့် Suzuki အမှတ်တံဆိပ် Ciaz ကားမိုဒယ်ကို ဇွန် ၂၉ ရက်တွင်  စတင်ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။

Suzuki အမှတ်တံဆိပ် Ciaz ကားမော်ဒယ်တွင် လူကြိုက်များပြီး SKD စနစ်ဖြင့်ထုတ်လုပ်ထားသည့် မော်ဒယ် မြင့်ကားသစ်တစ်စီးဖြစ်သည်။ အခြား SKD ကားများနှင့်ယှဉ်ပါက အတော်ရိုးရှင်းသည်ကိုတွေ့ရပြီးအရှေ့ မီးလုံးပြူးပြူးလေးများကို HID မီးလုံးများထည့်သွင်းပေးထားကြောင်း သိရသည်။


Suzuki Ciaz ၏ကားသော့ကို နောက်ပိုင်းထုတ်ကားများတွင် မပါမဖြစ်ထည့်သွင်းပေးသည့်Smart Key & Push-Start စနစ်ကို ထည့်သွင်းပေးထားသည့်အတွက် ကားဝယ်သူအနေဖြင့် ကြိုက်နှစ်သက်ကြ ကြောင်းသိရသည်။

Suzuki ကားများကို SKD စနစ်ဖြင့်ထုတ်လုပ်သည်မှာကြာခဲ့ပြီဖြစ်သည့်အတွက် တခြားကားများထက် အပိုပစ္စည်းများ မှာယူရ ပိုပြီးမြန်မြန်ဆန်ဆန်နှင့်အလွယ်တကူဈေးနှုန်းချိူသာစွာဖြင့်ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။                                                                                                 


အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ