နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မော်ကျွန်း-ထိန်ကုလားကျေးရွာ၌ ဒန့်သလွန်အပင် ၁၀၀၀ စိုက်ပျိုး ဆေးဖက်ဝင် ဒန့်သလွန်ပင်စိုက်ပျိုးရေး ပေးအပ်လှူဒါန်း

မော်လမြိုင်ကျွန်း   ဇွန်  ၃၀


 သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအထောက်အကူပြုသော အိန္ဒိယ  ၆ လ ဒန့်သလွန်ပင် များ ပေးအပ်လှူဒါန်းပွဲကို ဇွန် ၃၀ ရက် နံနက် ၈ နာရီက မော်လမြိုင်ကျွန်းမြို့ ပစ္ဆိမာရုံစာသင်တိုက်ကျောင်းဝင်း ၌ ကျင်းပခဲ့သည်။

 ယင်းအိန္ဒိယ ၆ လ ဒန့်သလွန်ပင်များအား ပစ္ဆိမာရုံစာသင်တိုက် ဆရာတော် အရှင်ရေဝတာလင်္ကာရ (မဟာဂန္ထဝါစကပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ) ထံ ဒန့်သလွန် စိုက်ပျိုးရေးပညာရှင် ဦးလှမြင့် (စိုက်ပျိုးရေးငြိမ်း) နှင့် ဒန့်သလွန်စိုက်ပျိုးရေးသုတေသီ ဦးမြင့်အောင် (မော်ကျွန်းမြင့်အောင်) တို့က ပေးအပ်လှူဒါန်းခဲ့ကြသည်။


 အဆိုပါ အိန္ဒိယ ၆ လ ဒန့်သလွန်ပင်များကို မော်လမြိုင်ကျွန်းမြို့နယ် ထိန်ကုလားကျေးရွာအုပ်စုတွင် ဒေသခံတောင်သူများက သစ်ပင်စိုက်ပျိုးလဖြစ်သော ဇွန်နှင့်ဇူလိုင်လများအတွင်း ဒန့်သလွန်ပင် ၁၀၀၀ ပင်အား စိုက်ပျိုးလျက်ရှိကြသည်။

 ယင်း ဆေးဖက်ဝင် ဈေးကွက်ရှိ အိန္ဒိယ ၆ လ ဒန့်သလွန်ပင် တစ်ဧကအပင် ၄၀၀ ကျော် စိုက်ပျိုးနိုင်ရေး အတွက် မြေနေရာကွင်းဆင်းကြည့်ရှုခြင်းကို ဇွန် ၃၀ ရက် နံနက် ၁၀ နာရီက မော်လမြိုင်ကျွန်းမြို့နယ် ရေလိန် ကျေးရွာအုပ်စု အောင်လှိုင်ကျေးရွာ၌ ကျင်းပရာ ဒန့်သလွန်စိုက်ပျိုးရေးကျွမ်းကျင်ပညာရှင် ဦးလှမြင့် (စိုက်ပျိုးရေး ငြိမ်း ) နှင့်အဖွဲ့က ကွင်းဆင်းကြည့်ရှုကြသည်။

မော်ကျွန်း -မြင့်အောင်






အခြားဆက်စပ်သတင်းများ