နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငမိုးရိပ်ချောင်း(တောင်ဥက္ကလာပဘက်ခြမ်း)ကမ်းပြိုကာကွယ်ရေး ဩဂုတ်လအပြီးဆောင်ရွက်သွားမည်

ရန်ကုန်   ဇွန်   ၃၀


ရန်​ကုန်​တိုင်​း​ဒေသကြီး ​တောင်​ဥက္ကလာပမြို့နယ်​(၁၅)ရပ်​ကွက်​ ဘေလီတံတားအနီးရှိ ပါရမီလမ်​းနှင့်​ ရွှေပြည်​ခိုင်​ညာလမ်​း ငမိုးရိပ်​ချောင်​း(​တောင်​ဥက္ကလာပဘက်​ခြမ်​း)တွင်​​ဆောင်​ရွက်​​နေ​သော ကမ်​းပြိုကမ်​းစား ကာကွယ်​​ရေး​လုပ်​ငန်​းသည်​ ၆၀ ရာခိုင်​နှုန်​း​ကျော်​ပြီးစီးလာပြီး သြဂုတ်​လကုန်​ပိုင်​းအပြီး​​ဆောင်​ရွက်​နိုင်​ရန်​လျာထား​ကြောင်​း ရန်​ကုန်​တိုင်​း​ဒေသကြီး​ ရေအရင်​းအမြစ်​နှင်​့မြစ်​​ချောင်​းများဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာန​ ဒေသ(၁) မှသိရသည်​။


"ဒီစီမံကိန်​းအခု​ဆောင်​ရွက်​​နေတာ လုပ်​ငန်​းပြီးစီးမှုအ​နေနဲ့ ၆၀ ရာခိုင်​နှုန်​း​ကျော်​လာပြီ​ပေါ့။ စီမံကိန်း အားလုံးပြီးစီးဖို့ကို​တော့ လာမဲ့သြဂုတ်​လအပြီး​ဆောင်​ရွက်​နိုင်​ဖို့လုပ်​​ဆောင်​​နေပါတယ်​။ ဒီလိုကမ်​းပြိုတဲ့ အ​ကြောင်​းက ရေနက်​စီး​ကြောင်​းရှိတဲ့အတွက်​ ကမ်​းတစ်​ဖက်​တစ်​ချက်​မှာ Basic Level တိုက်​စားခံ ရတာပါ။ မြစ်​​ကွေးရဲ့အပြင်​ဘက်​မှာ ကမ်​း​တွေရှိ​နေတာ​တွေ​ကြောင်​့တိုက်​စားခံရတာပါ။​ မြေသားညံ့တဲ့​နေရာ​တွေမှာလည်​း တိုက်​စားခံရတာပါ။ ဒီ​နေရာ​တွေကို ကွန်​ကရစ်​ပစ္စည်​း​တွေအသုံးပြုပြီးလုပ်​​နေတယ်​။ ဒါ​တွေကို​ရေရှည်​တည်​တံ့ဖို့က ကမ်​းပါး​တွေကို ထိန်​းနိုင်​မဲ့ ဒီ​ရေ​​တောအပင်​​တွေစိုက်​ပျိုးသွားဖို့ရှိတယ်​။ ပတ်​ဝန်​းကျင်​အ​နေနဲ့ကလည်​း ဒီလိုကမ်​းပါးထိန်​း​ဆောင်​ရွက်​ထားတဲ့​နေရာ​တွေမှာ အမှိုက်​​တွေမပစ်​ဖို့သတိ​ပေးလိုတယ်။ အမှိုက်​​တွေ စွန်​့ပစ်​ပစ္စည်​း​တွေ​ကြောင်​့ ကြွက်​​တွေလာ​အောင်​းမယ်​​ မြေကြီး​တွေကိုကြွက်​​ဖောက်​မယ်​ဆိုရင် တွင်​း​တွေ ဂလိုင်​​တွေဖြစ်​ပြီး ကြာရှည်​လာရင်​​တော့ ကမ်​းပြိုမှုကိုအား​ပေးရာ​ရောက်​ပါတယ်​"ဟု ရန်​ကုန်​တိုင်း ​ဒေသကြီး​ ရေအရင်​းအမြစ်​နှင်​့မြစ်​​ချောင်​းများ ဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနဒေသ(၁)မှ ဒုတိယညွှန်​ကြား​ရေးမှူး  ဦး​ကျော်ဝင်​းလှိုင်​က ​ပြောသည်​။


ထိုစီမံကိန်​းကို ရေအရင်​းမြစ်​နှင်​့မြစ်​​ချောင်​းများဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာန၏ကြီးကြပ်​မှုဖြင်​့ တင်​ဒါ​အောင်​မြင်​​သော စံညွှန်​းသစ်​ကုမ္ပဏီမှတာဝန်​ယူ​ကာ ယခုနှစ်​ မတ်​လ ၁၀ ရက်​​နေ့မှစတင်​ပြီး သြဂုတ်​လကုန် ပိုင်​းအပြီး​ဆောင်​ရွက်​ရန်​လျာထား​ကြောင်​း​ သိရသည်​။ ထိုကမ်းပြိုကာကွယ်​​ရေးစီမံကိန်​းသည်​ ဘိုးပိုင်​အ​ခြေပြု ကျောက်​စီ​မြေထိန်​းနံရံတည်​​ဆောက်​​ရေးစီမံဖြစ်​သည်​။

​တောင်​ဥက္ကလာပမြို့နယ်​ (၁၅)ရပ်​ကွက်​ ​ဘေလီတံတား ​ရွှေပြည်​ခိုင်​ညာလမ်​းအနီးမှ အလျား ၁၂၇၅ ​ပေ ရှည်​ကို​ တင်​ဒါ​အောင်​သည်​့တန်​ဖိုးကုန်​ကျ​ငွေသည်​ ကျပ်​သန်​း ၁၂၀၅ သန်​းကုန်​ကျ​မည်​ဖြစ်​ကြောင်​း သိရသည်။ ထိုစီမံကိန်​းပြီးစီးလျှင်​ ငမိုးရိပ်​​ချောင်​းနှင်​့ထိစပ်​​နေ​သော  ​တောင်​ဥက္ကလာပမြို့နယ်​ (၁၅)ရပ်​ကွက်​နှင်​့​ ချောင်​း  ကမ်​းတစ်​​လျှောက်​နေရာများသည်​ ​ရေကြီး​ရေလျှံမှုများကို​လျှော့ချကာကွယ်​နိုင်​ပြီး ကမ်​းသာယာမှုနှင်​့အတူ ပြည်​သူများအ​နေဖြင်​့ ငမိုးရိပ်​​ချောင်​းတစ်​​လျှောက်​ လမ်​း​လျှောက်​ခြင်​း၊ ကိုယ်လက်​​လေ့ကျင်​့ခန်​းများ​ ဆောင်​ရွက်ခြင်​း၊ အပန်​း​ဖြေခြင်​း​လေ​ကောင်​း​လေသန်​့ရရှိ​စေမည်​ဖြစ်​​ကြောင်​း သိရသည်​။


လက်​ရှိတွင်​ ငါမိုးရိပ်​​ချောင်​း၌​ဆောင်​ရွက်​​နေ​သော ကမ်​းပြိုကမ်​းစားကာကွယ်​​ရေးလုပ်​ငန်​းများသည်​   ရန်​ကုန်​တိုင်​း​ဒေသကြီး​ ရေအရင်​းအမြစ်​နှင်​့မြစ်​​ချောင်​းများ ဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာန​ဒေသ(၁)၏ ငမိုးရိပ်​​ချောင်​းအတွင်​း​တတိယနှစ်​ ​ကွေ့ ၅ ​ကွေ့ စီမံချက်​မှ စီမံကိန်​းတစ်​ခုအပါဝင်​ဖြစ်​​သည်​။ ကျန်​​ကွေ့များတွင်​လည်း ကမ်​းပြိုကာကွယ်​​ရေးလုပ်​ငန်​းများ​ဆောင်​ရွက်​​နေကြောင်​းသိရသည်​။ ထိုကွေ့ ၅ ​ကွေ့ပြီးစီးလျှင်​ ​ကွေ့​ပေါင်​း ၁၅ ​ကွေ့ပြီးစီးမည်​ဖြစ်​ပြီး ထပ်​မံကျန်​ရှိ​နေ​သော ​ကွေ့ ၁၀ ​ကွေ့ကို လာမည်​့နှစ်​များတွင်​ ဘက်​ဂျက်​​ငွေရရှိမှု​ပေါ် မူတည်​ပြီး ဆက်​လက်​​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်​း သိရသည်​။             

 မင်​းခ






အခြားဆက်စပ်သတင်းများ