အုတ်ဖို ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ သင်မန်းကုန်းကျေးရွာအုပ်စု၊ သင်မန်းကုန်းလမ်းဆုံ၊ ရန်ကုန်-ပြည် ကားလမ်း၊ မိုင်တိုင်အမှတ် ၁၁၇/၅ နှင့် ၁၁၇/၆ ကြားတွင် ဇွန် ၃၀ ရက်၊ နံနက် ၃ နာရီ ၅၀ မိနစ်အချိန်ခန့်က ပြည်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် AMBULANCE ယာဉ်သည် လမ်းကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ ရထားလမ်းဂိတ်ပေါက် သံတံခါးအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာ နေရာသို့ အုတ်ဖိုမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိသည်။
(သူရိန်)