နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗိုလ်တထောင်မြို့နယ်တွင်အသက်(၈၅)နှစ်နှင့်အထက်အဘိုးအဘွားများအား လူမှုရေးပင်စင်နှင့် COVID-19 ရောဂါကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေ ပေးအပ်

ရန်ကုန် ဇွန် ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေးပင်စင်နှင့် COVID-19 ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလအတွက် ထပ်ဆောင်းထောက်ပံ့ငွေများကို ဇွန်၂၉ ရက် နံနက်ပိုင်းကဘိုးဘွားများအိမ်သို့သွား၍လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင်အသက် ၈၅ နှင့်အထက်သက်ကြီးဘိုးဘွား ၁၇၀ ဦးအားကျန်းမာရေးစောင့် ရှောက်မှုအနေဖြင့်နိုင်ငံတော်မှထောက်ပံ့ပေးအပ်သောလူမှုရေးပင်စင်(၃)လစာသုံးသောင်းနှင့် COVID-19 ကာလအပိုဆောင်းထောက်ပံ့ငွေသုံးသောင်းကျပ်၊စုစုပေါင်းခြောက်သောင်းကိုပေးအပ်ရာအမှတ်(၇)ရပ်ကွက်ရှိဘိုးဘွားများအားလွှတ်တော်ကိုယ်စားလှယ်များနှင့်လူမှုဝန်ထမ်းဦးစီးဌာန၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခဲ့စဉ်။

သိန်းသိန်း(ဗိုလ်တထောင်)






အခြားဆက်စပ်သတင်းများ