နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံစာရင်းတွင် ဖင်လန်နိုင်ငံ ထိပ်ဆုံး၌ ခုနစ်နှစ်ဆက်တိုက် ရပ်တည်

ဟယ်လ်စင်ကီး မတ်  ၂၁

ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံစာရင်း တွင် ဖင်လန်နိုင်ငံသည် ထိပ်ဆုံး နံပါတ်တစ်နေရာ၌ ဆက်လက် ရပ်တည်နေပြီး ယခုအကြိမ်နှင့်ဆိုလျှင် ခုနစ်နှစ်ဆက်တိုက် ရှိပြီဖြစ်ကြောင်း သိရသည်။

အောက်စဖို့ဒ်တက္ကသိုလ်၊ လူမှုဘ၀ ကောင်းမွန်ပြည့်စုံရေး  စင်တာက ဦးဆောင်ပြုလုပ်သည့် ကမ္ဘာ့အပျော်ရွှင် ဆုံးနိုင်ငံ စာရင်းကို လူမှုရေး ထောက်ပံ့ မှု၊ ဝင်ငွေ၊ ကျန်းမာရေး၊ လွတ်လပ်မှု၊ ရက်ရောပေးကမ်းမှုနှင့် အကျင့်ပျက် ခြစားကင်းမဲ့မှု စသည့်အချက်များ အပေါ် အခြေခံပြီး အကဲဖြတ် တိုင်း တာခြင်းဖြစ်ကြောင်း သိရသည်။

ဖင်လန်နိုင်ငံနောက်တွင်ဒိန်းမတ် နိုင်ငံက ဒုတိယနေရာ၌ ရပ်တည်နေပြီး မှတ်တမ်းများအရ နော်ဝေ ၊ ဆွီဒင် ၊ ဂျာမနီ၊  ပြင်သစ်၊ ယူကေနှင့် စပိန်တို့တွင်မူ လူငယ်များ ထက် သက်ကြီးပိုင်းများက ပိုမိုပျော်ရွှင်မှုရရှိကြောင်း ဖော်ပြထား သည်။

လူမှုဘ၀ ကောင်းမွန်ပြည့်စုံခြင်း သည် တိုင်းပြည်၏ ဂျီဒီပီ၊ ဥစ္စာဓနခွဲဝေမှု၊ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှု၊ ကျန်းမာ သုခနှင့် ပြည်စုံသည့် လူ့သက်တမ်း အစရှိသည့် အချက်များအပေါ်မူတည် ကြောင်း သိရသည်။







(ref: BBC)






အခြားဆက်စပ်သတင်းများ