နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရေခွာရုပ်လုံးသွင်း တိရစ္ဆာန်ကောင်ရေ ၂၀၀ ကျော် အစ္စတန်ဘူလ်တွင် ဖမ်းမိ

အစ္စတန်ဘူလ် မတ်  ၂၁

အစ္စတန်ဘူလ်မြို့တွင် စစ်ဆင်ရေး တစ်ခုအတွင်း အရေခွာ ရုပ်လုံးသွင်း တိရစ္ဆာန်ကောင်ရေ ၂၀၀ ကျော်ကို ဖမ်းဆီးရမိထားကြောင်း တူကီယဲလ် ရဲတပ်ဖွဲ့က မတ် ၂၁ ရက်တွင် ထုတ် ပြန်သည်။

ဖမ်းဆီးရမိသည့် အချို့ ရုပ်လုံးသွင်း တိရစ္ဆာန်များသည် မျိုးသုဉ်းလုနီးပါး မျိုးစိတ်များဖြစ်ပြီး ယင်းတို့ထဲတွင် အမေရိကန်ကျွဲ၊ ကျားသစ်၊ ကျား၊ မိကျောင်း၊ ခြင်္သေ့၊ ဦးချိုပြားသမင်၊ ဝက်ဝံညို၊ ဝက်ဝံနက်နှင့် ပိုလာဝက်ဝံများ ပါဝင်ကာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၂ သန်း တန်ကြေးရှိကြောင်း အစ္စတန်ဘူလ် ရဲတပ်ဖွဲ့က ပြောသည်။  

ယခုသိမ်းဆည်းရမိမှုနှင့် ဆက်နွှယ် သူ တစ်ဦးကို ဖမ်းဆီးထားပြီး ဆင်စွယ်၊ ခွေးသွား၊ မျောက်ဝံများ အပါအဝင် သိမ်းဆည်းရမိထားသော  ပစ္စည်း များကို အစ္စတန်ဘူလ် ရဲဌာနချုပ်တွင် ထုတ်ဖော်ပြသမည်ဖြစ်ကြောင်း သိရ သည်။                              






(ref:AFP)






အခြားဆက်စပ်သတင်းများ