နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်တွင် ပစိဖိတ်ကျွန်းနိုင်ငံများ ကာကွယ်ရေးဆွေးနွေးပွဲကျင်းပ

တိုကျို မတ်  ၂၁

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပစိဖိတ် ကျွန်း ၁၄ နိုင်ငံနှင့် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ဂျပန်နိုင်ငံက ဦးဆောင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ ဩစတြေးလျ၊ အမေရိကန်နှင့် ကနေဒါ အပါအဝင် ပစိဖိတ်မီးကွင်းဒေသတစ်ခွင်ရှိ နိုင်ငံ များက  လေ့လာစောင့်ကြည့်သူများ တက်ရောက်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ဆွေးနွေးပွဲပြီးပါက ဂျပန်ကာကွယ် ရေးဝန်ကြီး  မီနိုရူကီဟာရာသည် ပစိဖိတ်ကျွန်းနိုင်ငံများရှိ ကာကွယ် ရေးဝန်ကြီးများနှင့်  တွေ့ဆုံရန် စီစဉ်ထားပြီး ယခုကဲ့သို့ ပစိဖိတ် ကျွန်းနိုင်ငံ ၁၄ နိုင်ငံနှင့် စကားဝိုင်း ဆွေးနွေးပွဲကို ပစိဖိတ်ဒေသတွင်း တရုတ်ဩဇာကြီးထွားလာချိန် ဂျပန် က ဦးဆောင်ပြုလုပ်နေခြင်းဖြစ် သည်။                         








(ref:NHK)






အခြားဆက်စပ်သတင်းများ