နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Stay at Home အစီအစဉ်ကို ပြန်လည်ဖြေလျှော့

ရန်ကုန် ဇွန် ၃၀


မိမိနေအိမ်တွင် နေထိုင်ရေး (Stay at Home)အစီအစဉ်ကို ဇွန် ၃၀  ရက်မှစတင်၍ မြို့နယ်တိုင်းကို ဖြေလျှော့ပေးနိုင်ပြီဖြစ်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူမှုကွန်ရက်မှ တစ်ဆင့် အသိပေးပြောကြားလိုက်သည်။


ယခုကဲ့သို့ Stay at Home အစီအစဉ်ကို ဖြေလျှော့ခဲ့သော်လည်း လူစုလူဝေးဖြစ်စေနိုင်သည့် ကိစ္စရပ်များကို ဆက်လက် ပိတ်ပင်ထားမည်ဟု ဆက်လက်အသိပေးထားသည်။


ရောဂါမပြန့်ပွားရန် ထိရောက်စွာဆောင်ရွက်နိုင်ပါက နောက်တစ်လ၊ နှစ်လလောက်အတွင်း ဒုတိယအကြိမ် ဖြစ်နိုင်သော Covid-19 လှိုင်းထခြင်းကို တားဆီးနိုင်မည်ဖြစ်သည်ဟု ယင်းက ဆိုသည်။


Covid-19 ရောဂါကူးစက်ခံရသူများအနက် ရောဂါလက္ခဏာ လုံးဝမပြဘဲ ကူးစက်ခံနေရသူများရှိနေသည့် အတွက် ပြည်သူများအနေဖြင့် အထူးသတိထားရန်လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။


ဇွန် ၃၀ ရက်အထိ Covid-19 ရောဂါကူးစက်ခံထားရသူ ၂၉၉ ဦးအနက် ပိုးမတွေ့ဘဲ ပြန်လည် ကျန်းမာလာသူ ၂၁၈ ဦး၊ သေဆုံးသူ ၆ ဦးရှိပြီဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။                                                                                                    


ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ