နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကားအငှားလုပ်ငန်းစု Uber ကုမ္ပဏီ သြစတြေးလျတွင် ဒေါ်လာ ၁၇၈ သန်း ပေးဆောင်မည်

ကမ်ဘာရာ မတ်  ၂၀

အမေရိကန်အခြေစိုက် ကား အငှားလုပ်ငန်း နိုင်ငံတကာ ကုမ္ပဏီ ကြီးဖြစ်သည့် Uber ကုမ္ပဏီသည် သြစတြေးလျ တက္ကစီကုမ္ပဏီများနှင့် ယာဉ်မောင်းများ၏ တရားစွဲမှုကို ဖြေရှင်းရန် အမေရိကန်ဒေါ်လာ ၁၇၈ သန်း ပေးဆောင်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက မတ် ၁၉ ရက်တွင် ပြောသည်။ 

ယင်းသို့  ပေးချေမှုသည် သြစတြေးလျနိုင်ငံတွင်  ပဉ္စမမြောက် အများဆုံး နစ်နာကြေးပေးမှုဖြစ် ကြောင်း မော်ရိစ် ဘလက်ဘန်းရှေ့နေ ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

 Uber ကုမ္ပဏီသည် သြစတြေးလျ တွင် တက္ကစီ လုပ်ငန်းနှင့် ကားငှားလိုင်စင် ဥပဒေများကို ချိုးဖောက်ကြောင်း စွပ်စွဲခံထားရပြီး သြစတြးလျ တက္ကစီ ၈,၀၀၀ ကျော်၏ ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်းများကိုယ်စား ဗစ်တိုးရီး ယားပြည်နယ် တရားရုံးချုပ် တွင် ၂၀၁၉ ခုနှစ်ကတည်းက တရားစွဲခံထားရခြင်း ဖြစ်သည်။

Uber သည် ၂၀၁၂ ခုနှစ်ကစ၍ သြစတြေးလျ ဈေးကွက်အတွင်း စတင် ဝင်ရောက်လာပြီး လိုင်စင်ရ အငှား ယာဉ်မောင်းများ၏ ဝင်ငွေကို ရယူကာ ပေးဆောင်ပြီးသား လိုင်စင်ကြေးများကို စာရင်းဖျက်ပစ်သည်ဟူသော စွပ်စွဲချက် များအပေါ် Uber ဘက်က မသိရှိကြောင်း ပြန်လည်ပြောကြားထားသည်။








(ref:Reuters)






အခြားဆက်စပ်သတင်းများ